Panic Room

4K 270 52
                                    

Zawgyi

ဘယ်လူတစ်ယောက်ကမှ သူတော်စင်မဟုတ်ပါဘူးလို့ ကျွန်တော်ပြောရင် ခင်ဗျားတို့ယုံမလား။ တကယ်တော့ လူတွေက သူတော်စင်ယောင်ဆောင်ထားကြတာပါပဲ။ ခင်ဗျားသိပ်ကို လေးစားအားကျရတဲ့ မိန်းမကြီးတစ်ယောက်က လူမမြင်တဲ့အချိန်မှာ ကောင်ငယ်လေးတွေနဲ့ ပျော်ပါးနေတဲ့ သူတစ်ယောက်ဖြစ်နိုင်တယ်။ ခင်ဗျားက သမာသမတ်ရှိလှပါတယ်ဆိုတဲ့ လူကြီးကတော့ အသက်မပြည့်တဲ့ ကလေးတွေကို အတင်းအဓမ္မလိင်ဆက်ဆံရတာ ကြိုက်တဲ့သူလည်း ဖြစ်နိုင်ပါတယ်။ အရမ်းကိုဖော်ရွေလှတဲ့ Public Figure သရုပ်ဆောင်တစ်ယောက်က သူ့ပရိသတ်တွေကို ရွံရှာတဲ့ သူလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော် ပြောတာကို မဖြစ်နိုင်ဘူးလို့ ခင်ဗျားတို့ ပြောကြမှာလား။ သတင်းတွေကို ကြည့်ကြည့်လိုက်ပါ။ ကျွန်တော် ပြောပြတဲ့ အရာတွေနဲ့ ဆင်ဆင်တူတွေ တပုံကြီးရှိပါတယ်။ အိုး... အခုလောက်ဆို နည်းနည်းတော့ ကျွန်တော် ပြောတာကို ယုံကြည်ချင်လာပြီပေါ့။ ဒါဆို ဆက်သွားရအောင်ဗျာ။ မမြင်ရတဲ့ တခြားတစ်ဖက်ခြမ်းက အဲ့လိုလူတွေမှာပဲ ရှိတာလား။
ဘယ်ဟုတ်ပါ့မလဲဗျ။ ကျွန်တော်တို့အားလုံးမှာ ရှိတာ... အားလုံး... အားလုံးမှာ... ကျွန်တော့်မှာလည်း ရှိသလို၊ ခင်ဗျားမှာလည်း ရှိတယ်။

အင်း... ဒီလိုပြောကြည့်ရအောင်... လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သားရဲတစ်ကောင်ရှိတယ်။ ကျွန်တော်တို့ရဲ့ သိစိတ်က အဲ့ဒီသားရဲကို ထိန်းချုပ်ထားတယ်။ ဒါမှမဟုတ်လည်း ဒီလိုပြောင်းပြောကြည့်ရအောင်ဗျာ။ လူသားအခွံက လှောင်အိမ်တစ်ခုဖြစ်ပြီး အဲ့ဒီလှောင်အိမ်ထဲမှာ သားရဲတစ်ကောင်ရှိတယ်။ အင်း... အင်း... ဟုတ်တယ်... ကျွန်တော်က ဒုတိယ စကားကို ပိုသဘောကျတယ်။ လူသားအခွံကလှောင်အိမ်တစ်ခုဖြစ်ပြီး လှောင်အိမ်ထဲမှာ သားရဲတစ်ကောင်ရှိတယ်။

ဒါဆို ဆက်သွားရအောင်... လှောင်အိမ်အခွံမှာ သော့ခလောက်လေးတစ်ခုရှိတယ်လို့ မြင်ယောင်လိုက်... မြင်လား မြင်လား... ကျွန်တော်ပြောတဲ့အတိုင်း မြင်ရဲ့လား။ အဲ့ဒီသော့ခလောက်လေးကို ကျွန်တော်တို့က သိစိတ်လို့ ယူဆရအောင်ဗျာ။ သားရဲကိုတော့ ကျွန်တော်တို့တွေရဲ့ Deepest Desire လို့ ယူဆကြရအောင်။ အဆင်ပြေတယ်ဟုတ်။ ဆက်ကြည့်ရအောင်ဗျာ။
အဲ့ဒီ Deepest Desire ကို အခြားသူတစ်ယောက်မြင်မှာကို ကျွန်တော်တို့ သိပ်ကြောက်ကြတယ်။ မလိမ်ပါနဲ့။ လူတိုင်းက ကြောက်ကြပါတယ်။ နည်းနည်းလေးနဲ့ များများပဲကွာတာ။ ကျွန်တော်လည်း ကြောက်တာပဲ။ မကြောက်ပါဘူး အရှိကိုအရှိအတိုင်းလက်ခံပြီးချစ်ပေးလို့ပြောထားတဲ့ သူတွေကလည်း အလကား ကြောက်တာပဲ။ ကြောက်လို့ပဲ လက်ခံပေးပါဆိုပြီး ထုတ်ပြကြတာလေ။ အင်း ထားပါ... ဒါက သူတို့ သဘောပေါ့။ ခံယူချက်တွေနဲ့ ပတ်သက်ပြီး ငြင်းချက်ထုတ်စရာအကြောင်းမှ မရှိတာပဲကို။

Rumble [Short Stories]Où les histoires vivent. Découvrez maintenant