Coward

495 67 3
                                    

Zawgyi

အရာရာက သူ့အတွက် မှောင်မိုက်နေခဲ့တယ်။ လောကတစ်ခွင်က အရောင်အသွေးမဲ့လို့ပေါ့။ သူ့ဘေးမှာ စီးကရက်ပြာခွက်တစ်ခွက်ရှိနေပြီး ပြာခွက်ထဲမှာ မကုန်သေးတဲ့ စီးကရက်တစ်လိပ်ရှိတယ်။ သူ့ကျောက ကြမ်းပြင်နဲ့ကပ်နေခဲ့ပြီး ပတ်ပတ်လည်မှာတော့ အမှိုက်တွေရှိနေတယ်။ တိတ်ဆိတ်တဲ့အိမ်မှာ အပြင်ဘက်က ဝင်လာတဲ့ အလင်းရောင်ပဲ ရှိနေပြီး မပစ်ရတာကြာတဲ့ အမှိုက်ထုပ်တွေကနေ ချဉ်စုတ်စုတ် အနံ့တွေလည်း ရှိနေလို့ပေါ့။

မျက်နှာကျက်မှာ မလည်တော့တဲ့ ပန်ကာတစ်ခုရှိတယ်။ ပန်ကာကို မော့ကြည့်နေရင်းကနေ ခေါင်းကိုတစ်ဖက်လှည့်ပြီး အမှိုက်တွေကြားထဲက သူ့ကိုလက်ကို သူ ပြန်ကြည့်တယ်။ နေ့ရက်တော်တော်များများ မစားမသောက်ထားတာကြောင့် သူ နည်းနည်းလေးတောင် ပိန်သွားတယ်လို့ ခံစားရတယ်။

ဘာလို့ သူ အခုလိုမျိုး ဖြစ်နေရတာလဲ။

သူ နားမလည်ဘူး...။

ဘယ်နေရာက စမှားတာလဲ...။

သူ့မှာရည်မှန်းချက်ပန်းတိုင်မရှိလို့လား။ အသက်ရှိနေလို့ အသက်ရှင်နေတာဖြစ်တာကြောင့် သူက ဘယ်အရာကိုမှ သည်းမခံနိုင်တာများလား။

သူ နားမလည်ဘူး။

နောက်တစ်ဖက်ကို လှည့်လိုက်တဲ့အချိန်မှာ ထောင်ထားတဲ့ ဘီယာဘူးကို သူ တွေ့တယ်။ ဘီယာ... အဲ့ဒီဘီယာဘူးက နေရာမယွင်းတာ အနည်းဆုံးတော့ သုံးရက်ထက်မနည်းတော့ဘူးလို့ သူ ထင်တယ်။ ဘူးထဲမှာ ဘီယာရှိနေနိုင်ပေမဲ့ သူ သောက်ချင်စိတ်မရှိဘူး။

သူ့ မျက်လုံးတွေက မျက်နှာကျက်ကို ပြန်ရောက်သွားပြန်တယ်။ ပန်ကာဒလက်တွေကို သူ ကြည့်တယ်။

အသက်ရှင်နေသရွေ့ သူ ဒီတိုင်းနေလို့မရဘူး။

ဒါပေမဲ့...

ဒီတိုင်းမနေရင်ရော သူ ဘာလုပ်ရမှာလဲ။

သူ သက်ပြင်းရှိုက်တယ်။ သူကပဲ ထူးဆန်းနေတာလား? ဒါမှမဟုတ် လူအားလုံးကပဲ ထူးဆန်းနေတာလား? သူ မတွေးတတ်ပြန်ဘူး။

ဘယ်သူမှ မရှိတဲ့အခန်းက တိတ်ဆိတ်လွန်းနေတယ်။ သူ့အသက်ရှူသံက လွဲရင် ဘာအသံမှ မကြားရဘူး။

Rumble [Short Stories]Opowieści tętniące życiem. Odkryj je teraz