Doll House

912 105 16
                                    

Zawgyi

(၁)

"အရုပ်အိမ်ကို မသွားရဘူးနော်..."

ကလေးတစ်ယောက်ကို သူ့အမေက ပြောတယ်။ ဆယ်နှစ်အရွယ် ဆံပင်ဝါဝါကောင်လေးနှစ်ယောက်က ခေါင်းညိတ်ပြတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က အိမ်ကြီးဘက်ကို ဘာရယ်မဟုတ် ကြည့်လိုက်တဲ့အချိန်မှာ ဘိုမရုပ်လို ကောင်မလေးတစ်ယောက်က ပြတင်းပေါက်ကကြည့်နေတာတွေ့လိုက်ရတယ်။ နီလာရောင် မျက်လုံးပြာပြာလေးတွေက တောက်ပနေတာပဲ။

"မေမေ ဟိုမှာ ကလေးလေးတစ်ယောက်ရှိတယ်..."

သူ လက်ညှိုးထိုးပြတော့ အမေဖြစ်သူက ကြည့်လိုက်တယ်။ သူပြတဲ့ ပြတင်းပေါက်နေရာမှာ ဘယ်သူမှတော့ ရှိမနေခဲ့ဘူး။

"လျှောက်ကြည့်မနေပါနဲ့ဆို!"

အမေဖြစ်သူရဲ့ ရိုက်ပုတ်မှုကို ကောင်ကလေးခံလိုက်ရတယ်။ လက်ကိုဆောင့်ဆွဲပြီး ခေါ်သွားခံရပေမဲ့ သူ အနောက်ကိုပြန်လှည့်ကြည့်ဖြစ်သေးတယ်။ နီလာရောင် မျက်လုံးလေးတွေနဲ့ ကောင်မလေးက သူ့ကို ကြည့်နေတုန်းပဲ။ ကောင်မလေးက သူ့လိုပဲ ပြောင်းဖူးမွှေးရောင် ဆံပင်လေးတွေရှိတယ်။ နောက်ပြီး မျက်လုံးအရောင်နဲ့ ဆန့်ကျင်တဲ့ အနီရဲရဲဂါဝန်လေးကို ဝတ်ထားတယ်။

>>>>><<<<<

အရုပ်အိမ်ကြီးဟာ အရင်တုန်းကတော့ အလွတ်ကြီးပေါ့။ နောက်တော့ အဲ့ဒီအိမ်ကို လူကြီးတစ်ယောက်ပြောင်းလာခဲ့တယ်။ သူက အရုပ်လုပ်တဲ့လူလို့ ရပ်ကွက်ထဲက လူတွေကဆိုကြတယ်။ ဟုတ်ချင်လည်းဟုတ်မှာပေါ့ သူ့မှာ အရုပ်တွေအများကြီးရှိတယ်လေ။ ဘိုမရုပ်လေးတွေ။ သူ့မှာ ဘိုမရုပ်လေးတွေ အရွယ်အစားအစုံအလင်ရှိတယ်။ ဂါဝန်အဝါလေးတွေ၊ အပြာလေးတွေ၊ အနီလေးတွေ အိုစုံနေတာပါပဲ။ သူ့မှာ ချစ်စရာသမီးလေးတစ်ယောက်လည်းရှိတယ်။ သမီးလေးက ချစ်စရာကောင်းလွန်းတာမှ သူ လုပ်တဲ့အရုပ်တွေအတိုင်းပဲ။

ကလေးတွေက ပြောင်းရွှေ့ရွှေ့ခြင်းမှာ နည်းနည်းစပ်စုကြတယ်။ နောက်တော့လည်း သူတို့က ကစားဖို့ကိုပဲ အာရုံရောက်ကြတာပဲ။ အရုပ်အိမ်ကြီးကို ကလေးတွေ မသွားဖို့တားမြစ်ခံရတာကတော့ အရင်တုန်းက အဲ့ဒီအိမ်ကြီးမှာ သမိုင်းကြောင်းတစ်ခုရှိခဲ့လိုပါ။

Rumble [Short Stories]Where stories live. Discover now