Justice

212 27 13
                                    

Unicode

(၁)

"ဒီလူကို ရဲတွေက မဖမ်းကြဘူးလား!"

"လောကမှာ ဒီလောက်ထိလုပ်ရက်တဲ့လူရှိသေးတယ်ပေါ့!"

"ဒီလိုလူကြီးလိုက်မြင်နေတာတောင် ရဲတွေက ဘာမှမလုပ်နိုင်တော့ဘူးလား"

"ကျောင်းသူလေးတွေ သနားပါတယ်..."

"ဒီလူက ငါနဲ့တွေ့ရင်တော့ အသေပဲဟေ့!"

လူတို့သည် ဖုန်းမျက်နှာပြင်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ကြည့်ရင်းမချင့်မရဲဖြစ်နေကြသည်။ အချို့က တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်သူကို မှတ်ချက်များဖြင့် ဆဲဆိုနေကြပြီး အချို့ကတော့ နှုတ်မှသနားကြောင်း တဖွဖွပြောနေကြ၏။ ထိုထုတ်လွှင့်မှုကို ကြည့်နေသည့်အချိန်တွင် လူတို့၏ရင်ထဲတွင် ဒေါသ၊ ထိတ်လန့်ခြင်းနှင့် သနားခြင်းတို့သည် တပြိုင်နက်တည်း ဖြစ်ပေါ်နေချေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုသည် အမျိုးသားတစ်ဦးက ကျောင်းသူလေး ၃ ဦးကို လက်ပြန်ကြိုးတုပ်ထားပြီး သတ်ဖြတ်ဖို့ ပြင်ဆင်ခြင်းကို ပြသနေခြင်းဖြစ်သည်။ အမျိုးသားသည် ကျောင်းသူလေးများကို လက်ပြန်ကြိုးတုပ်ထားသည်ကလွဲပြီး အခြားဘာတစ်ခုမျှ မပြုလုပ်ထားပေ။ သူတို့၏ မျက်နှာကို ရိုက်နှက်ထားခြင်းလည်းမရှိသလို သူတို့၏ ပါးစပ်များကိုလည်း ပိတ်ထားခြင်းမျိုးလည်း ရှိမနေ။ ကျောင်းသူလေးများ မည်မျှအော်ဟစ်အကူအညီတောင်းနေပါစေ မည်သူမျှ သူတို့ရှိနေသည့် နေရာသို့ မရောက်လာနိုင်ဟု တထစ်ချ ယုံကြည်ထားပုံရသည်။

ကျောင်းသူလေး ၃ ဦး၏ မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်မှုတို့ရှိနေပြီး သူတို့သည် အမျိုးသားကို တိုးလျှိုးသည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။ အထက်တန်းအရွယ်လေးများမို့ ကျောင်းသူလေးများသည် အလွန်ပင်သနားစဖွယ်ကောင်းနေပေသည်။ အမျိုးသားကတော့ အသက်၃၅ သို့ ၃၇ နှစ်အရွယ်ရှိပြီး နေလောင်အသားအရည်နှင့် အလုပ်ကြမ်းသမားတစ်ဦးပုံမျိုးပေါက်နေပေသည်။ ကြည့်လိုက်သည်နှင့် မည်သူက ရာဇဝတ်သားနှင့် မည်သူက သားကောင်ဆိုသည်က သိသာနေသယောင်ပင်။

You've reached the end of published parts.

⏰ Last updated: May 12, 2022 ⏰

Add this story to your Library to get notified about new parts!

Rumble [Short Stories]Where stories live. Discover now