part13

3.1K 176 24
                                    

Unicoad

MIN မျက်လုံးတို့ပွင့်လာပြီး နောက်ဝိုးတိုးဝါးတားနှင့်မိုးဝသန်အားမြင်တွေ့သွားသည် မိုးဝသန်လည်း ပြုံးရင်း MINရဲ့ပါးပြင်ကိုကိုင်ကာ

"နိုးပြီလား min min အရမ်းစိတ်ပူ ရတာ ခန္တာကိုယ်မှာလဲ ဒဏ်ရာကြီးပဲ ဘာလို့ သူတို့ဆီ့မှာအဖမ်းချုပ်ခံရတာလဲ "

Min အားပြုပြီး  ခေါင်းရင်းအားမှီကာ ဘေးနားက မိုးဝသန်ရဲ့လက်သေးသေးလေးကိုဆုပ်ကိုင်ပြီး

"ကိုယ် ဘာမှမဖြစ်ပါဘူး ဝသန် ကိုယ့်ကိုအရမ်းစိတ်ပူနေတာလား"

"ဘာလို့ဘာမှ မဖြစ်ရမှာလဲ ​တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ ပြောအဲ့တာဘယ်သူ့​ကြောင့်လဲ သူတို့က ဘလိုင်းကြီးတော့မဖမ်းပါဘူး"

Min သည် ဝသန့်ရဲ့လက်ကိုလွှတ်လိုက်ပြီး တစ်ခြားဘက်သို့အကြည့်လွှဲကာ

"ကိုယ်ဆေးရုံမှာ မေ့နေတာဘယ်လောက်ကြာပြီလဲ"
"သုံးရက် ရှိပြီ စကားလမ်းကြောင်းမလွှဲပါနဲ့ ဘယ်သူ့ကြောင့်လဲ ဟို minminရဲ့သူငယ်ချင်း ဧကရီ့ကြောင့်လား"

Minသည် ဝသန့်အား တည့်တည့်ကြည့်လိုက်ပြီး

"မဟုတ်ဘူး သူ့ကြောင့်မဟုတ်ဘူး ကိုယ့်ကိုအဲ့ဒီမိန်းမက မျက်စိကျနေတာ ဒါကြောင့် ဖမ်းခံလိုက်ရတာ "

ဝသန်သည် မယုံချင်ပေမယ့်လဲ အခုမှ သက်သာခါစminကို စိတ်ဒုက္ခမပေးချင်တော့ ပေ

.
.
.
.
.
ဝေလေး အိမ်ကြီးထဲကအပြင်မထွက်ရ ၍ ​ပျင်းစရာကောင်းသည်ကအမှန်ပေ
ဧကရီရဲ့ယုံကြည်မှု့ကိုရလာတာကြောင့် ခြံအတွင်းဆင်းခွင့်ပြုထား သည် လုံခြုံရေးတွေတော့နေရာတိုင်းအပြည့်ပင်

ဝေလေးအပြင်ထွက်ပြီး ဥယာဥ်ထဲက ခုန်လေးပေါ်မှာထိုင်ရင်း လက်ထဲကရေခဲမုန့်ကို စား နေသည်

ဧကရီ လည်းအပြင်သို့ထွက်လာပြီး ဝေလေးဘေးကိုထိုင်ကာ

"ကိုယ် အပြင်သွားစရာရှိတယ် လိုက်ခဲ့ချင်လား"

ဝေလေးမျက်လုံးတွေအရောင်လတ်လာပြီးဘေးက ဧကရီ့အားကြည့်ကာ ခေါင်းလေးငြိမ့်ပြလိုက်သည်

"ဟုတ်လိုက်မှာ"
"ဒါဆို ရင် အထဲဝင်ပြီး အပေါ်ထပ်သွားဝတ်ချီ"

The love story of a weak girlWhere stories live. Discover now