Unicode Version
"မဘရဏီမရောက်သေးဘူးလား..."
ကျွန်တော် ရုံးခန်းထဲကထွက်လာလိုက်ရင်း ကျွန်တော့်အတွင်းရေးမှုးကို မေးလိုက်သည်...။
"မရောက်သေးဘူး...ဘော့စ်.."
သူမက ဒီနေ့ ရုံးချုပ်မှာ မီတင်ရှိတာကြောင့် အဲ့ကပြီးမှ ဒီကိုလာမည်ဖြစ်သည်..။ ဒီနေ့ အလုပ်သင်ကျောင်းသား (Interns) တွေရဲ့ ပရောဂျက်တွေအတွက် နောက်ဆုံးအကြိမ်တင်ပြချက် (Final Presentation) လုပ်မှာဖြစ်သည်..။ internship တွေက သူမတာဝန်ယူထားတဲ့အပိုင်းမဟုတ်တာကြောင့် သူမက ဒီလိုမီတင်တွေကို တက်ရောက်လေ့တော့မရှိခဲ့...။ ဒါက ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သူမဆီက မှတ်ချက်နှင့် အကြုံပြုချက်တွေက ကလေးတွေအတွက် အကျိုးရှိနိုင်တာကြောင့် ကျွန်တော် သူမကိုတောင်းဆိုထားခဲ့ခြင်းဖြစ်၏...။
မီတင်က နှစ်နာရီမှာစမှာဖြစ်ပြီး လေးမိနစ်လောက်ပဲ လိုတော့သည်..။ ဘယ်တော့မှ အချိန်နောက်မကျတတ်သည့်သူမက အခုထိမရောက်လာသေးပေမယ့် ကျွန်တော် သိပ်တော့စိတ်မပူမိ...။ သူမအချိန်မှီရောက်လာမှာကို ကျွန်တော်သိထားလို့ဖြစ်ပြီး ထူးခြားဖြစ်စဉ်တစ်ခုခုကြောင့် မရောက်လာနိုင်ခဲ့ရင် သူမကိုယ်တိုင် ကြိုတင်အသိပေးတတ်တာကြောင့်ဖြစ်သည်..။
"ဟိုင်း.."
မီတင်ခန်းရှေ့ရောက်တာနဲ့ သူမရဲ့နုတ်ဆက်သံကိုကြားလိုက်ရတာကြောင့် ကျွန်တော်နောက်ကို လှည့်ကြည့်လိုက်သည်...။ ရုံးချုပ်ကသတင်းအရ...မနက် ဆယ်နာရီကနေစပြီး နေ့လည် ဆယ့်နှစ်နာရီမှာပြီးရမယ့် မီတင်က ထမင်းချိန်လွတ်ပြီး တစ်နာရီကိုရောက်သွားခဲ့သည်တဲ့....။ ဒီကိုအမှီ ကတိုက်ကရိုက် ပြေးလာရပေမယ့် သူမက ထုံးစံအတိုင်း မျက်နှာမှာ အပြုံးချိုချိုလေးနဲ့သာဖြစ်၏...။
"ဟိုင်း...ဏီ.."
ကျွန်တော်ပြန်နုတ်ဆက်လိုက်ပြီး သူမကိုခပ်တိုးတိုးမေးလိုက်၏...။
"ထမင်းရောစားခဲ့ရရဲ့လား...ဏီ..."
"ကော်ဖီနဲ့ပေါင်မုန့်စားခဲ့တယ်..."
မီတင်စတော့မှာမို့ အခန်းထဲကို နှစ်ယောက်သားဝင်လာလိုက်သည်..။ အခန်းထဲမှာ လူစုံနေကာ ပထမဆုံးတင်ပြချက်လုပ်မယ့် အလုပ်သင်ကလေးကလည်း အဆင်သင့်ဖြစ်နေပြီမို့ မီတင်စလိုက်တော့သည်...။
YOU ARE READING
Her Smiles [Completed]
Short Story[Unicode] ဝတ္ထုတိုလေးတစ်ပုဒ်ပါ...။ BL တော့မဟုတ်...။ ပြီးပြည့်စုံတဲ့ ဘဝရဲ့ မျက်နှာသာပေးမှုတွေအပေါ်မှာ ဂုဏ်ယူတတ်တဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းပြုံးနေတတ်တဲ့မိန်းကလေးတစ်ယောက်ကို သူ့ဘက်ကနေ ပထမဆုံးအကြိမ်စိတ်ဝင်စားမိတဲ့အခါ ဘာတွေဆက်ဖြစ်သလဲဆိုတာလေးပါပဲ...။...