Unicode Version
Warning: Mild mature contents
ခင်ဗျားတို့မြင်ဖူးမလားတော့မသိဘူး...။ ကလေးပိစိလေးတွေရေသောက်တဲ့ ရေခွက်လေးတွေလေ...။ ကြွေနဲ့လုပ်ထားပြီးတော့ ဘေးနှစ်ဖက်မှာ လက်ကိုင်ကလေးနှစ်ခုပါတယ်လေ...။ အဝဖက်မှာကျယ်ကျယ်လေးနဲ့ လုံးလုံးကလေးနဲ့ အောက်ဖက်ကိုနည်းနည်းလေးသေးသွားတာမျိုးလေ...။ ကလေးတွေက တစ်ခုခုသောက်ပြီဆို သူတို့လက်ကလေးနှစ်ဖက်နဲ့ အဲ့လက်ကိုင်ကလေးနှစ်ဖက်ကို ကိုင်ပြီး မော့သောက်တတ်ကြတယ်လေ....။
အခုကျွန်တော့်လက်တွေထဲမှာ အဲ့ဒီလိုကြွေခွက်လေးနဲ့တူတဲ့ မျက်နှာလေးတစ်ခု ရှိနေခဲ့သည်..။ ကျွန်တော့်ရဲ့ကြွေခွက်လေးပေါ့...။ အခုလေးတင် ကျွန်တော့်အပိုင်ပါလို့အနမ်းတွေနဲ့ဝန်ခံခဲ့တဲ့ ကြွေခွက်လေး...။ သူမရဲ့မျက်နှာလေး...။
ကျွန်တော့်လက်တွေအောက်မှာက ကြွေခွက်ရဲ့လက်ကိုင်ကိုင်းလေးနှစ်ဖက်လိုမျိုး နားရွက်သေးသေးလေးတွေ...။
ကြွေသားလိုဖြူကြည်နေတဲ့ မျက်နှာပြင်လေးပေါ်မှာကျတော့... ဖြူဖွေးပြီးကြည်လင်တောက်ပတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတစ်စုံ...။
ပြီးတော့နှာတံစင်းစင်းလုံးလုံးလေးတစ်ခု...။
ပြီးတော့ ကလေးပေါက်စနုတ်ခမ်းလေးလို ပါးလျပြီး နီရဲနေတဲ့နုတ်ခမ်းလေးနှစ်လွှာ...။
သိပ်လှတာပဲ...ကျွန်တော့်ရဲ့ကြွေခွက်လေးက...။
ပြီးတော့ ခင်ဗျားတို့သိလား...? အခုအဲ့ဒီကြွေခွက်လှလှလေးကိုကြည့်ပြီး ကျွန်တော့်အသိစိတ်တွေ လွတ်ထွက်ချင်နေပြီဆိုတာ...။
ဘာလို့လဲသိလား....အဲ့ဒီကြွေခွက်လေးက အပူရှိန်ကြောင့် နဂိုမူလ နို့နှစ်ရောင်ကနေ ပန်းရောင်ဘက်ကို ပြောင်းနေလို့လေ...။ အဲ့ဒီအပူရှိန်က ကျွန်တော့်လက်တွေအထိ လာဟပ်နေပြီးတော့ လက်တွေကနေ ကျွန်တော့်ကိုယ်အတွင်းထဲထိ တငွေ့ငွေ့စီးဆင်းနေလို့လေ..။
အား...၊ ကျွန်တော့်ကိုယ်အထဲက ရှိရှိသမျှတွေကတော့ အရည်ပျော်ကုန်တော့မှာပဲ...။
မဟုတ်...မျက်နှာလေးကြောင့်ပဲမဟုတ်...။
မျက်လုံးလေးတွေကြောင့်ရောပဲ...။ မျက်လုံးလေးတွေရဲ့ ထောင့်စွန်းတွေကလည်း အနည်းငယ် နီစွေးနေကြသေးသည်..။
YOU ARE READING
Her Smiles [Completed]
Short Story[Unicode] ဝတ္ထုတိုလေးတစ်ပုဒ်ပါ...။ BL တော့မဟုတ်...။ ပြီးပြည့်စုံတဲ့ ဘဝရဲ့ မျက်နှာသာပေးမှုတွေအပေါ်မှာ ဂုဏ်ယူတတ်တဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းပြုံးနေတတ်တဲ့မိန်းကလေးတစ်ယောက်ကို သူ့ဘက်ကနေ ပထမဆုံးအကြိမ်စိတ်ဝင်စားမိတဲ့အခါ ဘာတွေဆက်ဖြစ်သလဲဆိုတာလေးပါပဲ...။...