~၁၃~အစ [ဇာတ်သိမ်း]

102 6 6
                                    

Unicode Version

"ဘာလုပ်နေတာလဲ..."

ကောင်လေးကခပ်တည်တည်အသွင်ဖြင့်မေးခဲ့လျှင်...

"ပန်းကျစ်နေတာလေ..."

မိန်းကလေးကပြုံးပြီးပြန်ဖြေလိုက်လေသည်...။

"ဪ...အောက်မှာထိုင်ချနေတာ မအေးဘူးလား..."

"အင်း...အေးတယ်..."

"..."

"အခုထလိုက်ပြီ...မထိုင်တော့ဘူး.."

မိန်းကလေးကပြောပြီးထိုင်ရာမှထလိုက်၏..။

"ပြီးသွားပြီလား..ပန်းကျစ်လို့..."

"ပြီးပြီ..."

ပြောပြီးမိန်းကလေးကသူ့ကိုကျော်သွားဖို့ခြေလှမ်းပြင်လိုက်၏...။

"အိမ်ထဲသွားတော့မလို့လား...အခု..."

"အင်းလေ...အဲ့တစ်ယောက်ရော..?"

"ငါစိတ်ရှုပ်လို့ထွက်လာတာ...အိမ်ထဲမှာလူတွေအများကြီးနဲ့.."

"ငါ..?!"

မိန်းကလေးကရေရွတ်လိုက်၏...။

"နင်ကငါ့ထက်ငယ်မယ်ထင်တယ်..."

မိန်းကလေးကအသိပေးသလိုပြောလိုက်လေသည်...။

"ဟုတ်လား..ဒါပေမယ့်နင့်ရုပ်ကသိပ်ကြီးပုံလည်းမပေါ်ပါဘူး..."

ကောင်လေးကမိန်းကလေးတစ်ယောက်ဆီမှာငယ်သည်ဟုအပြောခံရသည်ကိုဘာကြောင့်မှန်းမသိနှစ်သက်ပုံမရ...။

"ဟမ်...?!"

"အရပ်ကလည်းပုပုလေး...ငါ့ရင်ဘတ်လောက်ရှိတာများ..."

ကောင်လေးက သူ၏ရှည်လျားလှသောအရပ်ကို မာန်တက်စွာဖြင့်ပြောလိုက်လေလျှင် မိန်းကလေးကသူ့စကားကို စိတ်ဆိုးရမည့်အစား အံ့ဩသွားသလို မျက်ခုံးတွေကိုပင့်လိုက်ပြီးမှ ချစ်လှစွာမွေးမြူထားသော ကြောင်ပေါက်ကလေး၏ ဆိုးသွမ်းနေပုံကို အပြစ်မမြင်ပဲ သဘောတကျ ဖြစ်နေသည့် ကြောင်မေမေကြီးလို ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်...။

"ဟားဟား..အရပ်ပုတာနဲ့ဘဲမကြီးရရောလား..."

ကြောင်မေမေကြီးကကြောင်ဆိုးလေးကိုမေးလိုက်၏..။

Her Smiles [Completed]Donde viven las historias. Descúbrelo ahora