~၆~Deja Vu

11 1 0
                                    

Zawgyi Version

"ခွန်နဲ့ဏီကချစ်သူတွေလား..."

ဟူး...၊ ဒီနေ့ရဲ့ ဘယ်နှစ်ကြိမ်မှန်းဘုရားပဲသိမည့်သက်ပြင်းကြီးကို ကျွန်တော်မှုတ်ထုတ်လိုက်သည်...။ သူမရဲ့အဲ့ဒီမေးခွန်းက ကျွန်တော့်ခေါင်းထဲမှာနေရာယူထားတာ တစ်ပတ်တောင်ကျော်နေပြီဖြစ်သည်...။ တကယ်တမ်း ဒီမေးခွန်းက ဒီလောက်ကြီး မထူးဆန်းသလို..၊ သူမနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကလည်း Complicated ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွင်းရလောက်အောင် အထိလည်း ရှုပ်ထွေးလှတာမဟုတ်..။

သူမနဲ့ကျွန်တော် တွဲနေကြသည်..။ အဖြေကဒါပဲဖြစ်သည်..။ တွဲနေကြတယ်ဆိုမှတော့ သမီးရည်းစားတွေပေါ့...။ ဒါအသိသာကြီးပဲမလား...? မြန်မာစကားမှာ သမီးရည်းစားတွေကို ချစ်သူတွေလို့လဲ ခေါ်ကြတာပဲမလား...။ အရင်တုန်းကလည်း ကျွန်တော်နဲ့တွဲနေတဲ့မိန်းကလေးတွေကို ကျွန်တော့်ရည်းစား ဒါမှမဟုတ် ကျွန်တော့်ချစ်သူလို့ ကျွန်တော်ရည်ညွှန်းပြောဆိုခဲ့ဖူးသည်...။ သူမတို့က ကျွန်တော် သူတို့ကို ချစ်လားလို့မေးလာခဲ့ရင်လည်း အင်းလို့သာ အမြဲပြန်ဖြေခဲ့သည်...။ မုန်းနေမှဖြင့် တွဲနေမှာမှမဟုတ်တာဘဲမလား..။

ဒါပေမယ့် ဒီတစ်ခါ သူမမေးလာခဲ့တဲ့အချိန်မှာတော့ အရင်တုန်းက အဲ့ဒီစကားနှစ်ခုကို မကွဲပြားခဲ့တဲ့...၊ ပိုပြီးရိုးရိုးသားသားပြောရရင် ကွဲပြားတယ်ဆိုတာကို မသိချင်ယောင်နေခဲ့တဲ့ ကျွန်တော့်မှာ တစ်သက်လုံးအချိန်တွေဆွဲ...၊ ပစ်ထားခဲ့ပြီးမှ မနက်ဖြန် Deadline အမှီ ဆရာ့ဆီကို အပ်ရမယ့် assignment က ဒီနေ့ညအထိ မပြီးသေးတဲ့ ကျောင်းသားတစ်ယောက်လိုဖြစ်နေခဲ့ရသည်..။

အခုတော့ ဆရာကလည်းပြီးပြီလားလို့မေးလာခဲ့ပြီဖြစ်သလို...Deadline ကလည်းကပ်လာခဲ့ပြီဖြစ်တာကြောင့် ကျွန်တော်အဲ့ဒီမေးခွန်းကို တကယ်ပြန်ဖြေပေးရတော့မည် ဖြစ်သည်..။ ဒီတစ်ခါတော့ကျွန်တော် အင်းလို့..လွယ်လွယ်ကူကူ ဖြေလို့မရနိုင်တော့တာ ကျွန်တော့်ဘာသာသေချာ သိနေခဲ့သည်..။ ကျွန်တော်ဖြေလည်းမဖြေနိုင်ခဲ့...။ အကြောင်းပြချက်ကတော့ သူမကသူမဖြစ်နေလို့ ဖြစ်နိုင်လေသည်..။

"ဘော့စ်..."

"...."

"ဘော့စ်.."

Her Smiles [Completed]Where stories live. Discover now