~၁၁~အစွဲအလမ်း

66 5 2
                                    

Unicode Version

"တူ..တူ..တူ.."

"တူ..တူ..တူ..."

အဲ့ဒီဖုန်းတွေက မြည်ပဲမြည်နိုင်လွန်းတာပဲ...။ ဘာတွေဒီလောက်အရေးကြီးနေတယ်..မသိ...။ သူ့ဘာသာဘယ်လောက် အရေးကြီးကြီး ကျွန်တော်ထကိုင်မယ်များ ထင်နေလား...။ နိုးပါ...။

အခုချိန်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးကိစ္စကတစ်ခုပဲရှိသည်...။ အဲ့ဒါက အခုချိန်မှာ ကျွန်တော့်ရင်ခွင်ထဲမှာ ကြောင်ပေါက်လေးတစ်ကောင်လို တိုးဝှေ့ပြီး အိပ်ပျော်နေတဲ့ သူမကို နိုးသွားအောင် မလုပ်မိဖို့ပဲဖြစ်သည်...။ အခုအချိန်က ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲက တစ်ခုလေ...။ အဲ့ဒါကို ကျွန်တော်ဖျက်ဆီးပစ်မှာမဟုတ်...။

ကျွန်တော့်အိပ်မောကျနေတဲ့သူမမျက်နှာလေးကို စိမ်ပြေနပြေကြည့်နေမိတော့ ကိုယ့်ကိုလူကြည့်နေတာကို အလိုအလျောက် ခံစားမိတဲ့ အာရုံခံစနစ်တွေကြောင့်ထင်...သူမမျက်လုံးလေးတွေလှုပ်ရှားလာတော့သည်...။

"ဏီ..."

"အင်း..?"

"နိုးပြီလား...?"

"နိုးပြီ...ဆောရီး.."

"ဘာကို..."

"ဏီ..အကြာကြီးအိပ်ပျော်သွားတယ်ထင်တယ်..."

"အော်...သိပ်မကြာပါဘူး...တစ်နာရီလောက်ပဲထင်တယ်..."

"အော်...အင်း..."

ပြောပြီးသူမကထဖို့လုပ်လိုက်လျှင် ကျွန်တော်သူမကိုရင်ခွင်ထဲပြန်ဆွဲထားလိုက်သည်...။

"မသွားနဲ့.."

"အ..."

"ဟင်..နာနေသေးတာလား..ဏီ..."

သူမမျက်နှာမှာ စတော်ဘယ်ရီရောင်တွေဖြတ်ပြေးသွားပြီး နုတ်ခမ်းဖျားတွေမှာ အပြုံးလေးတစ်ပွင့်ပေါ်လာကာ မျက်နှာကို ကျွန်တော့်ရင်ခွင်ထဲတိုးဖွက်ထားလိုက်၏...။

အိုး...ကျွန်တော့်ရင်ထဲတော့ဘာတွေဖြစ်ကုန်မှန်းမသိ‌တော့...။ အဲ့ဒီအပြုံးက ကျွန်တော်တစ်ယောက်တည်းသာ မြင်ခွင့်ရတဲ့အပြုံးလေးမလား...။သူမရဲ့ရှက်ပြုံးလေး...။

Her Smiles [Completed]Where stories live. Discover now