ဒီဇာတ်လမ်းက ကျွန်တော် Online မှာ ပထမဆုံးရေးခဲ့တာ ဇာတ်လမ်းကလေးပါ။
2018 ကတည်းကဆိုတော့၄နှစ်ရှိပါပြီ။
၁၀တန်းတုန်းက စာသင်ခန်းထဲမှာ သင်္ချာစာအုပ်ကိုတစ်ဝက်ချိုးပြီး ရှေ့ဆုံးတန်းကနေ ဆရာမစာသင်နေတုန်း နေခိုးရေးခဲ့တဲ့ ဇာတ်လမ်းလေးပေါ့။
၁၀တန်းပြီးတော့ Fbမှာ Online Fic တွေရေးလို့ရမှန်းစသိလာတယ်။
အဲ့တာနဲ့ ကိုယ့်ရဲ့မဖြစ်မမြောက် အရေးအသားတဲ့ ကလေးဆန်လွန်းတဲ့ ဇာတ်လမ်းကလေးကို ရေးပြီးတင်ဖြစ်ခဲ့တယ်။နာမည်ကအစ ကလေးဆန်ဆန်ပေးခဲ့မိတာ
"ချစ်လို့ဆိုးမိတာ အပြစ်လား" တဲ့ဒါပေမဲ့ ပရိတ်သတ်ကလက်ခံဖတ်ရှုအားပေးတော့ တကယ်ကိုပျော်ခဲ့ရတာ ။
ကျွန်တော့်ကို Online Writerတစ်ယောက်ဖြစ်လာစေတဲ့ Ficလေးတစ်ခုပေါ့။ကျွန်တော့်ကိုပြန်တင်ပေးဖို့လာပြောကြတာနဲ့
ဒီFic စရေးတုန်းကAccကလည်း Logကျတာကြာပြီ
ကျွန်တော့်စာတင်တဲ့Pageကလည်း ပျက်သွားပြီ
ဖုန်းကလည်းလဲထားတော့ စာတွေကမရှိတော့ဘူးရယ်
ပြန်ရှာလို့တော့တွေ့တာနဲ့အစအဆုံး Copy ပြန်ယူပြီး ပြန်တင်ပေးဖို့ပြင်ဆင်နေတာကြာပါပြီဒါပေမဲ့အရေးအသားရော ဇာတ်လမ်းရောကအရမ်းကိုကလေးဆန်လွန်းနေတာကြောင့်
အများကြီး Edit ရပါတယ်။ဒါကြောင့်ကျွန်တော့်စာတွေဟိုးအစကတည်းဖတ်ဖူးခဲ့ရင်လည်းဇာတ်လမ်းကအနည်းငယ်တော့ကွဲပြားနေမှာပါ။
ဇာတ်လမ်းပုံစံကတော့
ငယ်ငယ်ကသိကျွမ်းရင်းနှီးခဲ့တဲ့ကိုကိုနဲ့ညီမလေးပေါ့။နိုင်ငံခြားကိုအကြာကြီးထွက်သွားပြီမှ ပြန်လာတဲ့ ဇွဲတံခွန်နဲ့ သူ့ထက်၅နှစ်ငယ်တဲ့
တစ်ဦးတည်းသောသမီးလေးမို့ရမ်းဆိုးတယ်နော်ဆိုတဲ့ စံရတီ တို့ရဲ့အချစ်ဇာတ်လမ်းလေးပါပဲ။
အဆိုးအပေကောင်မလေးရဲ့တစ်ဖက်သတ်အချစ်ကိုစတင်တွေ့ရှိရမှာပါ။
Drama မချိုးဘဲ Romance များများနဲ့ ဟာသအနည်းငယ်နှောထားတာမို့
ပေါ့ပေါ့ပါးပါးနဲ့ဖတ်ရမှာပါ။
YOU ARE READING
ချစ်လို့ဆိုးမိတာ အပြစ်လား (OC) Completed