ချစ်လို့ဆိုးမိတာအပြစ်လား
အပိုင်း (11)"သြော်...ဧည့်သည်ရောက်နေတာပဲ မီးလေး ပြီးမှပြန်လာခဲ့မယ်လေ "
စံရတီ ရုံးခန်းတံခါးကိုပြန်ပိတ်လိုက်ပြီး နေမင်းရောင်ကိုမော့ကြည့်လိုက်သည်။
နေမင်းရောင်က ပြုံးလျှက်ရှိနေပြီး"ကိုဇွဲတံခွန်မအားသေးရင် ရတီကို ကျွန်တော်အဖော်လုပ်ပြီးစောင့်ပေးမယ်လေ ကန်တင်းကိုသွားမလား ဒါမှမဟုတ် ဟိုဘက်ကဝရန်တာမှာထွက်စောင့်ကြမလား"
စံရတီလည်း သူမတို့ရောက်နေသောကုမ္ပဏီရဲ့၇ထပ်မြောက်ကဝရန်တာကိုထွက်လာခဲ့ကြဖို့သဘောတူလိုက်သည်။
'~'~'~'~'~'~'~'~'~'~'~'~'~'
"ဇွဲ ငါပြောတယ်ကြားရဲ့လား "
ကိတ်သည် ဆိုဖာမှာတစ်ခုခုကိုအတွေးလွန်နေဟန်ရှိသောဇွဲအား ထပ်မေးလိုက်ပါသည်။
ဇွဲသည် တံခါးပေါက်ကိုပဲဆက်တိုက်ကြည့်နေရင်း ဒီကောင်မလေးဘာကြောင့် နေမင်းရောင်နဲ့ဒီကိုရောက်လာရသလဲ?
ထပ်ပြီးတော့ နေမင်းရောင်နဲ့ပဲနီးစပ်နေပြန်တာလား?
တစ်ယောက်တည်းမေးခွန်းထုတ်နေမိသည်။"ဇွဲ...နင် တကယ်ပဲ ငါ့ကိုထားခဲ့တော့မှာပေါ့ ငါ မြန်မာနိုင်ငံကိုအစောကြီးရောက်လာတယ်ဆိုတာကလည်းနင့်ကြောင့်ဆိုတာသိရဲ့နဲ့!"
ကိတ်သည် သတ်မှတ်ချိန်ထက်တစ်ပတ်စောပြီး ရောက်လာခဲ့သည်။
ထို့ကြောင့်လည်း နေစရာတည်းစရာတွေဘာမှတောင်မစီစဥ်ရသေးဘဲ လေယာဥ်ပေါ်ကဆင်းလျှင်ဆင်းချင်းဇွဲဆီသို့ရောက်လာခြင်းဖြစ်သည်။"ငါသတ်မှတ်ချိန်ထက်စောပြီးလာရတာဘယ်လောက်တောင် ဒုက္ခရောက်လဲသိလား လေယာဥ်ပေါ်မှာလည်းဖြစ်သလိုလိုက်လာခဲ့ရတာ "
"ငါကမင်းကိုထားခဲ့တာမှမဟုတ်တာ ကိတ် မင်းပဲငါ့ကိုသစ္စာဖောက်ခဲ့တာ အလုပ်ချိန်မှာမင်းနဲ့ငါစကားများနေဖို့လည်းအချိန်မရှိဘူး ငါမင်းအတွက်တာဝန်ယူမယ့် ဝန်ထမ်းတစ်ယောက်ကိုခေါ်ပေးမယ် ဟိုတယ်လိုက်ပို့လိမ့်မယ် အေးဆေးသွားနားတော့!"
ဇွဲက ပြောရင်း အလုပ်စားပွဲဆီသို့ထွက်လာ၍ သူ၏ဝန်ထမ်းတစ်ယောက်ကိုဖုန်းဆက်လိုက်သည်။
ပြီးနောက် ရုံးခန်းတံခါးကိုဖွင့်ပေးလိုက်ပြီး
BẠN ĐANG ĐỌC
ချစ်လို့ဆိုးမိတာ အပြစ်လား (OC) Completed