ချစ်လို့ဆိုးမိတာအပြစ်လား
အပိုင်း(3)
"ဇွဲနဲ့မီးလေးဆင်းလာပြီ အန်တီတို့သွားကြရအောင်လေ"
အန်တီမေသည် လက်ကိုင်အိတ်ကိုတံတောင်ဆစ်မှာချိတ်ထားလျှက်ခြံထဲသို့ထွက်သည်။"အဘငွေပစ္စည်းတွေကိုကျွန်တော်နဲ့အတူ
ကားထဲထည့်ပေးပါဦး"
ဇွဲသည် ဘေးမှာရှိနေတဲ့ လက်ဂေ့ချ် အားကားနောက်ဖုံးထဲထည့်ရင်းပြောလိုက်ခြင်းဖြစ်သည်။
အဘငွေက ဇွဲနှင့်အတူ အန်တီမေသယ်သွားရမည့်ပစ္စည်းအချို့အားကားထဲသို့ထည့်ပေးနေသည်။
အန်တီမေကတော့ အိမ်မှာကျန်ရစ်မည့် ဒေါ်ကြီးအုန်းနှင့်မိအေးအားမှာစရာရှိတာမှာကြားနေ၏။
ပစ္စည်းတွေကလည်း ဒေါ်မေသူ L.Aပြောင်းတော့မည်ဆိုတာနဲ့ လက်ဆောင်တွေလည်းတရဟောလာပေးကြသလို
ဟိုမှာနေတဲ့ အဘွားနဲ့ဦးမင်းသူတို့ဇနီးမောင်နှံအတွက်လည်းလူကြုံပေးလိုက်ကြသဖြင့်
လေယာဥ်နဲ့မို့သာတော်တော့သည် မနည်းမနော။
စံရတီမှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပစ္စည်းတွေထည့်နေကြတဲ့ ကိုကိုနဲ့အဘငွေအနားမှာရစ်သီရစ်သီလုပ်နေမိရာ
ကိုကိုသည် ပလက်စတစ်ပုံးတစ်ခုကို ကားထဲထည့်ဖို့ယူလာရင်း
လမ်းမှာရှုပ်နေတဲ့ စံရတီ့အားငေါက်လိုက်သည်။
"ဖယ်လေ...ဘာလုပ်နေတာလဲ ဘေးကပ်နေ !"စံရတီလည်း ကိုကို့ဆီကနေ့ဆူခံလိုက်ရတာမို့ အန်တီမေ့အနားမှာသွားကပ်နေသည်။
" အန်တီ မေမေတို့ကလိုက်ပို့ပေးချင်ပေမဲ့...."
"အမလေးမလိုပါဘူးကွယ် မီးလေးလိုက်ပို့မှာပဲမဟုတ်လား မဝေကမနေ့ညကဖုန်းဆက်ထားပါတယ်"
"ဟီး...ဟုတ်ကဲ့"လေဆိပ်သို့အသွားမှာ အန်တီမေကကိုကိုနဲ့အရှေ့ခန်းမှာထိုင်ပြီး
စံရတီကအနောက်ခန်းတွင်တစ်ယောက်တည်းထိုင်လိုက်ခဲ့ရသည်။
"အန်တီမေ ဟိုရောက်ရင်လည်း ဘွားမြင့်ရယ် အန်ကယ်မင်းနဲ့အန်တီနှင်းတို့ကို မီးလေးကမေးတယ်လို့ပြောပေးနော်"
စံရတီဟာ တစ်ယောက်တည်းနောက်မှာထိုင်ရတယ်ဆိုပေမဲ့ တစ်လမ်းလုံးအန်တီမေနဲ့စကားပြောလာခဲ့တာဖြစ်သည်။
"အေးအေး ပြောလိုက်မယ်မီးလေး မီးလေးလည်း ကိုကိုနဲ့အတူ L.Aကိုလာခဲ့ဦးလေ"
အန်တီမေ့ပြောစကားကြောင့် စံရတီသည်ကားမောင်းနေသောကိုကို့ကိုအကဲခက်ကြည့်လိုက်ပေမဲ့ ကိုကိုကတော့ ထည့်တွက်နေတဲ့ပုံမပေါ်။
YOU ARE READING
ချစ်လို့ဆိုးမိတာ အပြစ်လား (OC) Completed