Part (7) Uni/Zawgyi

15.2K 468 71
                                    

ချစ်လို့ဆိုးမိတာ အပြစ်လား
အပိုင်း (7)

"ဟယ်လို ကိုကို "
မျက်နှာသစ်နေရင်း ဖုန်းမြည်လာလို့ ကိုင်လိုက်တာ စံရတီဖြစ်နေသည်။

"အင်းပြော"
"ဒီနေ့ မီးလေးကိုအချိန်ပေးမယ်လို့ ကိုကိုကတိပေးထားတယ်နော်"

ဟုတ်သားပဲ...ဒီနေ့ ဒီကောင်မလေးမွေးနေ့ဖြစ်သည်။
တစ်နေ့ကပဲ မွေးနေ့ရောက်ရင်အနားမှရှိနေပေးမယ်လို့ကတိပေးထားတာကို ဇွဲမှတ်မိပါသည်။

"အင်း ကိုယ်မှတ်မိပါတယ်"
"အဲ့တာဆိုရင် နေ့လည်ပိုင်း ၁၂နာရီလောက် မီးလေးကိုလာခေါ်လှည့်နော် ကုသိုလ်ကောင်းမှုလေးလုပ်မလို့"

"အင်း လာခဲ့မယ် မနက်ပိုင်းတော့ ရုံးခဏသွားမှဖြစ်မယ် ၁၂နာရီမှီရင်ရတယ်မဟုတ်လား"
"ရတယ် ရတယ် ၁၂နာရီမီးလေးရှေ့ကိုရောက်ရင်ရပြီ"

ဇွဲလည်း ရုံးမှာရှိတဲ့နေ့လည်ပိုင်းတာဝန်များအား အခြားသူကိုလက်လွှဲပေးဖို့အတွက် ရုံးကိုခပ်စောစောသွားဖို့ပြင်ဆင်လိုက်သည်။

'~'~'~'~'~'~'~'~'~'~'~'~'~'~'~'

"ဟဲ့ကောင်မလေး ပြာယာကိုခက်နေတာပဲ ဖြေး​ဖြေးသွားစမ်းပါ"

စံရတီဟာ ပေါ်တီအောက်မှာရပ်လိုက်သော ကားထဲမှာအလျှင်အမြန်ထွက်ပြီးအိမ်အပေါ်သို့ပြေးတက်သွားလေသည်။

တီလေးကဖွားဖွားကို ဝှီးချဲပေါ်သို့တွဲတင်ပေးနေပြီး မေမေကတော့စံရတီအားလှမ်းဆူနေသည်။

"အမေ နေသာရဲ့လား သံပုရာရည်သောက်မလား"

စံရတီမွေးနေ့မို့အိမ်မှာရှိသောမိသားစုလိုက် ဘုရားသို့သွားကြသည်။
နေပူတာကြောင့်ဖွားဖွားမူးနေမလားလို့ မေမေကစိတ်ပူနေသည်။

စံရတီကတော့ကိုကို့ကို ၁၂နာရီလာခဲ့ဖို့ခေါ်ထားတာကြောင့်၁၁နာရီခွဲနေပြီဖြစ်သောကြောင့် သူမကိုယ်သူမအမြန်အဆန်အလှသွားပြင်နေတာဖြစ်၏။

စံရတီ မိတ်ကပ်လှလှလေးလိမ်းပြီး လွန်ခဲ့သော၁ပတ်ကမှ Online ကနေမှာထားတဲ့
စကပ်အကွဲလေး နဲ့ ခရော့တော့ပ်ကုပ်အင်္ကျီပိစိကလေးကိုထုတ်ဝတ်လိုက်ပါသည်။

ချစ်လို့ဆိုးမိတာ အပြစ်လား (OC) CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ