ချစ်လို့ဆိုးမိတာ အပြစ်လား
အပိုင်း (14)"တကယ်တော့ ကိုယ်က မင်းကိုစိတ်ဆိုးမလို့ ကွန်တိုကိုခေါ်လာတာ"
ကုတင်ပေါ်မှာလှဲနေသော ဇွဲရဲ့ရင်ခွင်ထဲသို့ဝင်အိပ်နေသည့်စံရတီက ဇွဲရဲ့မျက်နှာကိုခေါင်းကလေးမော့ကြည့်သည်။
"ဟင်...မီးလေးကဘာလုပ်လို့လဲ "
"ဘာလုပ်ရမလဲ မင်းပဲ နေမင်းရောင်ကိုအိမ်အလည်ပါခေါ်နေတယ်လေ"
ဇွဲကမျက်မှောင်ကုပ်ပြီးပြောလိုက်တော့ စံရတီကမော့ကြည့်နေရာမှ ဇွဲရဲ့ရင်ဘက်ပေါ်သို့ပါးကလေးပြန်ကပ်လိုက်သည်။
"မခေါ်ရဘူးလား နေနေနဲ့ကမိတ်ဆွေတွေပဲလေ အိမ်ကလည်းနီးနီးလေး မီးလေးကိုအိမ်အထိလိုက်ပို့ပေးမှတော့ အလည်ခေါ်ရမှာပေါ့"
"အဲ့ဒီ နေနေ နေနေ နဲ့ဘာ နေနေလဲ!"
"နေနေ လေ မီးလေးကသူ့ကိုNickname ပေးထားတာ ဟီးဟီး"
"မကြိုက်ဘူး နေနေလို့ခေါ်တာကို"
"ကိုကို့ကိုခေါ်တာမဟုတ်ဘူးလေ နေနေ့ကိုခေါ်တာ ကိုကိုကြိုက်စရာမှမလိုတာ"
"မီးလေး! ကိုယ်အကောင်းပြောနေတာကွာ"
ကိုကိုက စံရတီအားဖက်ထားသောလက်တွေလွှတ်လိုက်သည်မို့ ကိုကိုတကယ်ပဲစိတ်ဆိုးနေသလားလို့ သံသယဝင်လာသည်။
"ကိုကိုကလည်း ဘာဖြစ်နေတာလဲ သူများကို သူကျေနပ်အောင်စားပြီးမှ လာစိတ်ကောက်နေတယ်!"
ဇွဲဆီကနေ တုန့်ပြန်စကားပြန်မကြားရသောကြောင့် စံရတီလည်း သူ့ရင်ခွင်ထဲကနေထပြီး ထိုင်လိုက်သည်။
ပက်လက်အိပ်နေသော ကိုကို့ကိုငုံ့ကြည့်လျှင် ကိုကို့မျက်နှာကပြုံးမနေ။
မွေ့ယာအိအိကြီးပေါ်မှာလက်ကလေးနှစ်ဖက်ထောက်ထားလျှက်
"ကိုကိုနော်...ရေချိုးခန်းထဲမှာ မလုပ်ချင်ပါဘူးဆိုတာကို ကိုကိုပဲအတင်း အဲ့တာကိုအခုထပ်ပြီးစိတ်ကောက်နေတယ်!"
"ကိုယ် စိတ်ကောက်နေတာမဟုတ်ဘူး စံရတီ ကိုယ်သဝန်တိုနေတာ မင်းကိုနေမင်းရောင်အနားမှာတွေ့နေရတာကအဆင်ပြေတာ"
YOU ARE READING
ချစ်လို့ဆိုးမိတာ အပြစ်လား (OC) Completed