Final Part Uni/Zawgyi

34.2K 684 100
                                    

ချစ်လို့ဆိုးမိတာ အပြစ်လား
အပိုင်း (15) ဇာတ်သိမ်းပိုင်း

"ဖေဖေ မီးလေး ပြောစရာရှိတယ်"

စံရတီသည် ဖေဖေနဲ့မေမေရဲ့အခန်းထဲသို့ ဝင်လာပြီးခြေစုံရပ်ကာ တကယ်ပဲလေးနက်သောစကားများပြောစရာရှိဟန်နှင့်။

ဦးကျော်စွာနှင့်ဒေါ်ဝေနွယ်လည်း အိပ်ကြဖို့ခြေရင်းမှအဖြူရောင်စောင်ကြီးကိုဖြန့်နေရင်းထူးဆန်းနေသောသမီးလေးရဲ့အပြုအမူကြောင့်ကြောင်အမ်းနေကြသည်။

စံရတီသည်မွေ့ယာကြီးရဲ့ဘေးမှ ကုလားထိုင်လှလှကလေးကိုဆွဲယူပြီးထိုင်လိုက်ပါသည်။

"ပြောပါဦး သမီးကဘာတွေအရေးကြီးနေတာလဲ"

ဦးကျော်စွာကခေါင်းအုံးကိုမှီထားပြီးလက်ပိုက်လျှက်မေးလိုက်သည်။

"မီးလေး ကိုရီးယားသွားချင်တယ် ဒီတစ်ပတ်အတွင်းဖြစ်နိုင်ရင်မနက်ဖြန်ပဲသွားချင်တယ်"

ဦးကျော်စွာဟာဇနီးသည်ကိုလှည့်ကြည့်ပြီး သမီးကိုအကဲခက်ခိုင်းသည်။

"နေပါဦး သမီးကဘာအတွက်သွားချင်ရတာလဲ Shopping အတွက်ဆိုရင်နေပါဦးကွယ်မေမေနဲ့တီလေးနဲ့အတူတူသွားကြမယ်လေ "

"ဟင့်အင်း မီးလေးကျောင်းသွားတက်ဖို့ပါ မီးလေး ကိုရီးယားဘာသာစကားကိုသင်နေတာကြာပါပြီ အစကတည်းကအဲ့ဒီမှာကျောင်းတက်ဖို့ရည်ရွယ်ချက်ရှိရှိကြိုးစားထားတာပါ "

ကိုကို့ကြောင့်သာ ကျောင်းသွားတက်ဖို့အိမ်ကိုဖွင့်အပြောဘဲအချိန်ဆွဲနေခဲ့တာဖြစ်သည်။

"ဖေဖေ့ရဲ့ကုမ္ပဏီကိုအလုပ်မဝင်ချင်သေးတာလည်း မီးလေးဘာမှမကျွမ်းကျင်သေးလို့ပါ မီးလေးမှာရည်မှန်းချက်တွေအများကြီးရှိပါတယ် ကိုရီးယားမှာ Business အတွက်ဘွဲ့ယူပြီးရင်ဖေဖေ့ကုမ္ပဏီအတွက်မီးလေးကအားကိုးရတဲ့သူအဖြစ်ပြန်လာမှာ"

အမြဲတမ်းအလုပ်အတွက်ငြင်းနေခဲ့သူသမီးငယ်ဟာသူမရဲ့ရည်မှန်းချက်တွေကိုပြောပြလာတဲ့အခါ ကလေးဆန်ပြီးအားကိုးစရာဘာမှမရှိဘူးလို့ထင်ခဲ့မိတာကိုပင်ဦးကျော်စွာတို့လင်မယားနောင်တရသွားသည်။

ချစ်လို့ဆိုးမိတာ အပြစ်လား (OC) CompletedOnde histórias criam vida. Descubra agora