Part-18
1.4K 162 1
မောင့်ကမ္ဘာမှာ မောင့်ဂျီမင်းရယ် မောင့်အချစ်ရယ် မောင့်အဖြူရောင်လေးရယ် မောင့်မူပိုင်စီနီယာကြီးရယ် မောင့်အချစ်ရဲ့နှုတ်ခမ်းဖူးဖူးတွေရယ် မောင့်အချစ်ရဲ့လက်သေးသေးတွေရယ် မောင့်အလှနတ်ဘုရားရယ် မောင့်အသက်ရယ်ပဲရှိတာပါ
..............................................................
"ဖြစ်ပါ့မလား ငါတစ်ခါမှမစီးဖူးဘူးနော်"
"ဖြစ်ပါတယ်..ဟျောင်းစထွက်တာမှာပဲ နည်းနည်းစိတ်လှုတ်ရှား မှာ အရှိန်ရသွားတာနဲ့ တိမ်တွေပေါ်ရောက်နေသလို ဖြစ်သွားမှာပါ ဟျောင်းရဲ့ ကျွန်တော့်ကိုယုံ"
"မင်းနဲ့ငါ လမ်းဘေး မြောင်းတော့ ခေါင်းမစိုက်ရပါဘူးနော်"
"ဟျောင်း ဘာမှမဖြစ်ရင် ကျွန်တော်လည်းဘာမှမဖြစ်နိုင်သလို ဟျောင်းဘေးကင်းရင် ကျွန်တော်လည်းလွယ်လွယ်နဲ့ မထိခိုက်နိုင်ပါဘူးဗျာ"
ဂျီမင်း မျက်နှာလှလှလေးကို ရှုံ့မဲ့လိုက်ပြီ
"မင်းယုံကြည်မှုက ကမ္ဘာ့အစွန်းဘက်ရောက်နေပြီ"
"ဟျောင်းရှိနေလို့လေဗျာ"
"ငါနဲ့ ဘာဆိုင်လို့လဲ"
"ဟျောင်းက ကျွန်တော့်အသက်လေဗျာ ကျွန်တော်အသက်ရှင်ဖို့အတွက် ဟျောင်းမထိခိုက်မှရမှာ"
ရုတ်တရက်ပြောင်းလဲသွားတဲ့ မျက်နှာအပူချိန်နဲ့အတူ ပန်းနုရောင်ပြောင်းသွား တဲ့မျက်နှာနုနုလေး..ခပ်လှလှမျက်စောင်းလေးက ဒိုင်းကနဲ
"အား.."
ရင်ဘတ်ကိုဖိလျှက် ဟန်ဆောင်ကာမူပိုနေရှာတဲ့ သူကိုစိတ်မဆိုးနိုင်သည့်အပြင် ပြုံးရယ်လိုက်တိုင်း နှုတ်ခမ်းပါအောက်က ထင်းကနဲ ဖြစ်ဖြစ်သွားတဲ့မှဲ့နက်လေးကို သူစူးစိုက်ကာငေးနေမိသည်။ မတည်မငြိမ်ဖြစ်လာတဲ့ နှလုံးသားက သူ့မာန်သူ့ အစွဲအလမ်းတွေ ကြောင့်ဖြစ်ပေါ်လာတဲ့ ကန့်ကွက်ခြင်းတွေကို လက်ခံချင် ဟန်မတူတော့. အစွဲအလမ်းတွေ က မှဲ့နက်လေးဆီမှာလဲ အကျုံးမဝင်ခဲ့ပြန်ဘူး..မျက်နှာသွယ်သွယ်လေးကို အာက်ငုံ့လိုက်ပြီး နှုတ်ခမ်းပါးတွေလှုတ်ယောင်ပြုံးမိသည်။