Part-34
1.4K 145 8
အသက်အရွယ် အလိုက်ရင့်ကျက်ရမယ့် အရာတွေထဲမှာ နှလုံးသားတော့ မပါခဲ့ဘူးထင်တယ်မောင်
ဒါကြောင့် ဟျောင်းက မောင့်ရင်ခွင်ထဲမှာနေပြီး ကလေးဆန်တဲ့ နှလုံးသားတစ်စုံ ရှိနေလို့ ရတယ်မဟုတ်လား
..............................................................
"မင်းလုပ်ခဲ့တာ ကောင်းတယ် မင် အဲမိန်းမက သူပိုင်တယ် သူဆိုင်တယ်ဆိုတဲ့စကားကို ပါးစပ်က မချဘဲ ဘဝင်ရူးနေတာ"
ထယ်သည် လူတိုင်းနှင့်သဟဇာတ ဖြစ်သော်ငြား ရိုစီကတော့ ခြွင်းချက်ပင် တစ်ရေးနိုးကောက်ထမေးလျှင်တောင် သူအမြင်ကပ်သည့်အကြောင်းကို အားတက်သရော် ပြောမည့်ပုံပင်။
"တော်ပါတော့ ထယ်ရာ ဂျီမင်းထက် မင်းကပိုပြီးတောင်တက်ကြွလို့"
မျက်နှာလေး ထောင့်ပိုင်ရှင်လေးသည် မကြည်မသာကြည့်လို့လာပါသည်။ ကင်မ်ထယ်ယောင်းဆိုသည့်သူက အပေါင်းအသင်း မိတ်ဆွေ ပေါများသော်လည်း သူ့ရဲ့ ဒုတိယ မိသားစုဝင် လို့ပြောရလောက်တဲ့ သည်သူငယ်ချင်းနှစ်ယောက်နှင့်တော့ ဘယ်သူကမှ နှိုင်းယှဉ်လို့မရခဲ့ပေ သူငယ်ချင်း တွေရဲ့နှလုံးသားရေးရာတွင် စစ်စစ်မှန်မှန်လူနှင့် ဆုံတွေ့စေချင်တာသူ့စေတနာပင်
"စိတ်ပူလို့ပြောနေရတာပေါ့ မင် ကအဲမိန်းကလေး ကျောင်းထဲရောက်လာကတည်းကစ ဘာကိုရည်ရွယ်နေတာလဲ သိရက်နဲ့ အလိုက်သင့် မသိသလို နေနိုင်တာက အံ့သြစရာပဲ"
"ကျောင်းတွင်းမှာ သူ့ကို ဂျူ နီယာတစ်ယောက်အနေနဲ့ပဲ ပြောဆိုဆက်ဆံသင့်တယ်လေ ထယ်ရာ အလုပ်နဲ့ လူမှု့ရေး ဆိုတာ မရောထွေးသင့်ဘူးလေ"
ဂျီမင်း ၏ ဖြေရှင်းချက် ကို ထယ်ကနားမလည်သည်တော့ မဟုတ်ပါ
"မင် အဲဒါကိုငါလက်ခံတယ် ဒါပေမယ့် ကျောင်းဝန်းထဲမှာ ဂျောင်ကု ကို သတ်ဖို့အထိ ဘောင်ကျော် ခဲ့တာကို ထည့်မစဉ်းစားလို့မရဘူး ဒါကကျောင်းသူတစ်ယောက်အနေနဲ့ မလိုက်ဖက်လောက်အောင်ကို တရားလွန်နေပြီလေ"
ဂျီမင်းသက်ပြင်း ဖွဖွလေးတစ်ချက်ရှိုက်လိုက်ကာ
"မောင်က ခဏအခြေအနေစောင့်ကြည့်ဖို့ ပြောထားတယ် ငါ့လိုဆိုရင်တော့ အဲလောက်အချိန်ဆွဲမနေတော့ပါဘူး"