Part-20
1.6K 171 0
ချစ်ခြင်းဆိုတဲ့ စည်းလေးကို မထင်မှတ်ဘဲ ကျော်လိုက်မိတဲ့ အချိန်မှာ သိလိုက်ရတာက သိပ်စွဲလမ်းခဲ့ မိတဲ့ ကော်ဖီခါးတွေထက် ယစ်မူးစေတယ်ဆိုတာပဲ..
မျက်ရည်လေးဘာလေးဝဲတဲ့အထိ ရင်တုန်ရတာမျိုးလဲ ရှိခဲ့သည်ပေါ့
.............................................................
နံနက်ခင်းရဲ့ နေခြည်နွေးနွေးက တက္ကသိုလ်ဝန်းထဲရှိအဆောက်အဦများကြားထဲ ဖြာကျလာ လျှက် နေ့တစ်နေ့အစပြုတော့မည် ဖြစ်ကြောင်း အနွေးဓာတ်လေးနဲ့ ဆီးကြိုထိတွေ့လာသည်။ ရက်သတ္တပတ်ရဲ့ ကျောင်းစတက်ရက်ဖြစ်တာကြောင့် နှစ်ရက်လောက်အနားယူပြီးမှပြန်လည် အသက်ဝင်လည်ပတ်လာသည်မို့ အရာအားလုံးကတက်တက်ကြွကြွပင်..
"ဟေ့..ဂျောင်ကု စောင့်ပါဦးကွမင်းကလဲ
အနောက်က ကျားလိုက်လာသလိုပဲကွာ လမ်းလျှောက်တာကလဲ"
အနက်ရောင် အရမ်းကြိုက်လွန်းတဲ့ မဟူရာမင်းသားလေးကတော့ ထုံးစံအတိုင်း တကိုယ်လုံးအနက်ရောင်တို့ ဖြင့် ဆွဲဆောင်မှုစွမ်းအားတွေက ပြင်းပြင်းပြပြ ပေစောင်းစောင်း လှည့်ကြည့်လာသည့် မျက်ဝန်းဝိုင်းတွေက မရှည်သည့်စိတ်ကို အတော်လေးဆွဲဆန့်နေပုံပေါ်နေသည်။ အဖြူ ရောင်လေးမှမဟုတ်လျှင် သူစိတ်ရှည်မှုတွေက အနုတ် ပြပြသွားတာမျိုး
"ကိုယ့် အရပ်ကိုယ်မှအားမနာ လမ်းလျှောက်တော့ လဲ မျက်နှာက ရှိသမျှ ဂြိုလ်ကြီး ရှစ်ခွင်လှည့်ပတ်ပြီး မျက်စိ အစာကျွေးနေတော့ ဘယ်လိုလုပ်ပြီးငါ့ကိုမှီမလဲ"
အန်းဝူက အနားရောက်လာသည်နှင့် ရောက်ရောက်ချင်း ဆောက်နဲ့ အထွင်းခံလိုက်ရတာမို့ မအီမသာ
"မင်းကိုယ်တိုင်ကကို အားနဲ့မာန်နဲ့ ရန်ဖြစ်တော့မလို လျှောက်နေတာလေကွာ မင်းကို ရည်းစားစကားလိုက်ပြောချင်တဲ့ ကောင်းမလေးတွေတောင် မင်းခြေလှမ်းကြောင့်ဘယ်လိုမှအဆင်မပြေနိုင်လို့ တပ်ပြန်ခေါက်နေကြရတယ်"
"အဲဒါ ငါ့ကိစ္စမဟုတ်ဘူး"
သူအတန်းထဲရောက်လာတိုင်း သူ့ခုံပေါ်မှာတွေ့ရတဲ့ပန်းစီးချောကလက် မုန့်အချို့ကသူ့ကို အရမ်းစိတ်အိုက်စေသည်။ အန်းဝူကတော့ သူ့ဆီရောက်လာသမျှအရာအားလုံး မြိုလိုက်တာချည်းပါပဲ ပန်းစီးတောင်စားမရ၍ ချန်ထားတာဖြစ်မည်။မုန့်ကြိုက်တဲ့ မင်းသားလေးကို တကယ်မေတ္တာသက်ဝင်သူလဲရှိနိုင်သလို မုန့်ပေး၍လက်တည့် စမ်းချင် နေသူလဲရှိနိုင်လိမ့်မည်ပေါ့ သူတို့မသိသေးသည်က ဂျွန်ဂျောင်ကုက အဲလောက်လွယ်မနေသည်ကိုပဲ
အလျှော့ပေး အလိုက်အထိုက်ဆက်ဆံပေးမှုတွေက နှလုံးသားကို ဘောလုံးသဖွယ် ဆော့ကစားခံရဖို့မဟုတ် ဒါကြောင့် အားလုံးက အမှိုက်ပုံးထဲ ဝင်ရောက် အနားယူသွားကြသည် အများအမြင်တွင်တော့ မာနဟုခေါင်းစဉ်တပ်နိုင်ကောင်းပေမယ့် နှလုံးသားကတစ်ယောက်တည်းတောင်မဆန့်နိုင်အောင် ချစ်ရသည်မဟုတ်လား တစ်ခြားသူဝင်ရောက်ဖို့ဆိုသည်မှာ ကြားအလပ် နေရာမရှိ