Part-37(Ending)
3.3K 191 11
အနာဂတ်မှာ မောင်က အချစ်တွေတပွေ့တပိုက်နဲ့ နှလုံးသားအိမ်လေးထဲကနေစောင့်ပေး
သည်တစ်ခါ ချစ်ခွန်းချိုချိုလေးနဲ့ မေတ္တာတံခါးလေးဖွင့်ပြီး နှလုံးသားနန်းမှာ ကွန်းခိုချင်တဲ့သူကဟျောင်းဖြစ် နေလို့
..............................................................
"လူညာကြီး!!!အမြဲတမ်းကျွန်တော့်ကို ညာနေတာပဲ ကျွန်တော်နဲ့အတူနေမယ်ဆို မေမေ့ကိုသွားတောင်းပန်မယ်ဆို ကျွန်တော့်ကိုပဲချစ်တာပါဆို ကျွန်တော့်ကိုဆို အယုံလွယ်မှန်းသိလို့ ဒယ်ဒီက အမြဲညာနေတော့တာပဲ"
သွေးအလိပ်လိပ်ဖြင့်ဖြစ်နေသောဖခင်ဖြစ်သူကိုကြည့်ကာ ဂျီမင်း လက်ကိုပြေးကိုင်ရင်း မရပ်မနား ခါရမ်းကာ ဟစ်အော်နေတာမို့ ဘေးက ဟိုဘီနှင့်ထယ် အတင်းဝင်ဆွဲရတော့သည်။
ရူးလောက်သည် ရူးချင်သည် တစ်နေ့တည်းကြုံလိုက်ရသည့်အရာတွေက သူအတွက် အလဲလဲအကွဲကွဲပင် သူ့အတွက် ချစ်ခြင်းမေတ္တာတွေကမထိုက်တန်ခဲ့ဘူး ထင်ပါရဲ့ သူ့အသိစိတ်တွေက ပုံမှန်မဟုတ်ချင်တော့ သူ့အဖြစ်က ချည်ပြီးတုတ်ပြီး အရိုက်ခံနေရသည့်လူနှယ် ဘယ်အရာကိုမှ ဆုပ်ကိုင်ခွင့်မရသည့်အပြင် နာကျင်မှုများကို သူမသိလိုက်သည့် တစ်ဖက်ခြမ်းကတည်းကစ အလဲထိုးခံစားရဖို့ သတ်မှတ်ထားသည်ထင်ရဲ့
စိတ်လွတ်နေသူတစ်ယောက်လိုဆေးရုံတွင်းမှ ပြေးထွက်လာရာ ပြင်ပလူနာဌာနနားရောက်ခါနီးတွင် အနောက်မှ လက်တချို့က သူ့ကို ဆွဲထားကြလေသည်။ ဘယ်သူတွေဆွဲလို့ဆွဲကြမှန်းမသိပေမယ့် သူတို့က ပြင်ပလူနာဌာနသို့ဆွဲသွင်းကာ တာဝန်ကျဆရာဝန်ကို အကျိုးအကြောင်းပြောလျှက်အကူအညီတောင်းနေဟန်ရှိသည်။ အတင်းဝိုင်းချုပ်ထားရင်းမှ ဘယ်ဘက်လက်မှစက်ကနဲ ခံစားချက်နှင့်အတူ ဂျီမင်းမျက်လုံးတွေမှေးစင်းလာရသည်။ သူအိပ်ချင်နေပြီ ဟုတ်တယ် ခဏလောက် သည်ရပ်ဝန်းနင့်အအဆက်ပြတ်သွားလျှင်တောင် သူ့အတွက်က တခဏတော့ အေးချမ်းသွားမှာပါ။ သူ၏ အသိစိတ်သည်လည်းတဖြည်းဖြည်း အမှောင်ထုဆီသို့
.............................................................
"အချုပ်သားရိုစီ ဧည့်တွေ့လာတယ်"