Part-23
1.3K 146 0
နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ မောင်ရယ် မောင့်အပြုံးချို ချိုလေးရယ် အနီးကပ်ကြားနေရတဲ့ မောင့်နှလုံးခုန်သံ သံစဉ်လှလှလေးရယ် မောင့်ဆီကရမယ့် မနက်ခင်းအနမ်းချို ချိုလေးရယ် က တစ်ဘဝစာ လုံးမရှိရင်မဖြစ်တော့မယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲက အရေးပါဆုံးအရာတွေဖြစ်ခဲ့တယ်
............................................................
"ဟူး..ပင်ပန်းလိုက်တာကွာ ဘာဖြစ်လို့များ ငြိမ်ငြိမ်နေလို့ကိုမရတဲ့ အနုပညာကိုမှ ဝါသနာ ပါခဲ့မိပါလိမ့်"
ညနေစောင်း အတန်းတွေပြီးတဲ့အချိန် practise room အရှေ့က ခုံတန်းလေးမှာ ခေတ္တအနားယူထိုင်နေခိုက် ဘေးမှ ငြီးတွားနေတဲ့ မြတ်နိုးရာလေးကို မဟူရာ လေးကစောင်းငဲ့ကာ တစ်စိမ့်စိမ့်ပြုံးကြည့်နေခဲ့သည်။ ခဏအကြာတွင်
အရှေ့ဘက်မှ သိုင်းဖက်လျှက် ကျောပြင်တစ်လျှောက် ခပ်ဖွဖွပွတ်သပ်လာတဲ့ မဟူရာလေးရဲ့လက်တွေ
"နောင်တရလား"
"သေခြာပေါက် မရဘူးပေါ့ ငါအရူးအမူးဖြစ်ခဲ့ရတာကိုး"
"မောင့်အချစ်တွေလိုပေါ့"
"ဘာမှလဲ မဆိုင်ဘူး"
နုညံ့ညင်သာတဲ့ အပြုံးတွေနဲ့ မျက်လုံးဝိုင်းလေးက ပြုံးကြည့် လာပြီးတော့
"မောင်အရူးမူးဖြစ်ရတဲ့ ဟျောင်းနဲ့ ချစ်ရတာလဲ ဘယ်လိုအကြောင်းနဲမှနောင်တရဖို့မဖြစ်နိုင်ဘူးလေ သိပ်ဆိုင်တာပေါ့"
ကျောပြင်လေးတွေနှိပ်နယ်ပြီးသွားတော့ လက်ချောင်းလေးတွေ နှိပ်နယ်ပေးလာပြန်သည်
"မောင်"
"ဗျာ"
"ခွီး.."
လက်ချောင်းလေးတွေနှိပ်နယ်ပေးနေရင်းက မော့ကြည့်လာတဲ့ အမျိုးသားချောချောလေးရဲ့ သူ့နှလုံးသားလေးဘာပြောပြောဂရုတစိုက် နားထောင်နေပါတယ်ဆိုတဲ့ ပုံစံလေးက အတော်လေးကို အလိုက်တသိ
"ရယ်ချင်ရင် အားရပါးရရယ်လို့ရပါတယ် မောင့်ရှေ့မှာဆို ဟျောင်းဘာမှ ချုပ်တည်းထားစရာမလိုဘူးနော်"
"အရမ်းသဘောကျလို့"
"ဘာကိုလဲ"
""ဗျာလို့ထူး တာလေးကို"