I still remember 3rd of December
me in your sweater
You said it looked better on me
than it did you
Only if you knew
how much I liked you
၂၀၁၉ ခုနှစ်၊ဒီဇင်ဘာ (၃)ရက်။
မနက်ခင်းနေရောင်ခြည်ဟာ ဆိုးလ်တက္ကသိုလ်ကျောင်းဝန်းအတွင်းဖြန့်ကျက်နေပြီး နှင်းတွေကိုတိုက်ဖျက်နေရှာတယ်။ဒီဇင်ဘာလဟာ ဆိုးလ်မှာအအေးဆုံးလဖြစ်တာမလို့ နေထွက်တဲ့ရက်တွေဟာအလှပဆုံးရက်ပါပဲ။ဘတ်ဟျွန်းကအအေးမခံနိုင်တဲ့သူဖြစ်တာမလို့ နေရောင်ခြည်ကိုမျှော်လင့်နေမိတယ်။
ဒီနှစ်က နောက်ဆုံးနှစ်ဖြစ်တာကြောင့်ရော ဘတ်ဟျွန်းအတွက်ကျောင်းတက်စအချိန်ကတည်းကပျော်ရွှင်ရသည်။
သူ့ရဲ့နေရောင်ခြည်လေးကလည်းဒီနှစ်တော့သူ့အတွက်ပဲအနွေးဓာတ်ပေးကောင်းပါရဲ့။" နှင်းတွေကျနေတာကိုသဘောကျပေမယ့် အေးနေတာကိုမကြိုက်ဘူး .."
ဘုန်း!
" ဘာတွေတိုးတိုးလေးရွတ်နေတာလဲ "
ရုတ်တရပ်ရောက်ချလာတဲ့ချန်းယောလ်က အသံမပေးတဲ့အပြင် ဘတ်ဟျွန်းကျောဘက်ကနေပါ ပွေ့ဖက်ချလိုက်တာများ ဘုန်း ကနဲ အသံထွက်တဲ့အထိ။ပါးချင်းအပ်လိုက်တာမလို့ အေးစက်တဲ့ဆောင်းရာသီမှာ အပူရှိန်ထိုးတက်လာလိုက်တာများ ရဲကနဲ!
" နှင်းကျတာကိုသဘောကျပေမယ့် အေးတာကိုမကြိုက်ဘူးလို့ကိုယ့်ကိုကိုယ်ပြောတာ ..မင်းက စာကျက်ပြီးသွားပြီလား "
" စာကျက်ပြီးသွားပြီ။ ကော်ဖီသွားသောက်ရအောင်..ဟိုဘက်တစ်လမ်းမှာအသစ်ဖွင့်ထားတယ်တဲ့ "
" မင်းဖယ်လေ..ငါ့ပါးပေါ်မှာတစ်ခန္ဓာကိုယ်လုံးမှီထားသလိုကြီး "
" ထ! သွားမယ် "
ဘတ်ဟျွန်းပြောလိုက်သည်နှင့်ချက်ချင်းဖယ်ခွာကာမတ်တပ်ထရပ်တော့သည်။ ခုနက ရခဲ့တဲ့အနွေးဓာတ်လေးကိုနှမြောမိသလို..။လမ်းတလျှောက်မှာ မေပယ်လ်ပင်တွေရှိတာမလို့ နီစွေးစွေးမေပယ်လ်ပင်တွေကြားချန်းယောလ်နဲ့အတူဆိုတဲ့အသိစိတ်လေးကြောင့်ရင်ခုန်ရသေးသည်။ကော်ဖီဆိုင်လေးက အဖြူရောင်နဲ့အညိုရောင်ကိုသာအဓိကသုံးထားတာမလို့
ဘတ်ဟျွန်းသဘောကျတဲ့ပုံစံလေး။ ချန်းယောလ်က နေရာရှာတာတော်တာပဲ။
YOU ARE READING
𝗛𝗘𝗔𝗧𝗛𝗘𝗥 - 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ( 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfiction𝗍𝗁𝗂𝗌 𝗂𝗌 𝖺 𝗌𝗍𝗈𝗋𝗒 𝗈𝖿 𝖢𝗈𝗇𝖺𝗇 𝖦𝗋𝖺𝗒'𝗌 𝖧𝖾𝖺𝗍𝗁𝖾𝗋 𝗏𝖾𝗋𝗌𝗂𝗈𝗇 𝗈𝖿 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ♡︎