၂၀၂၂ ဒီဇင်ဘာ (၃)ရက်။
ချန်းယောလ်တစ်ယောက် လန်ဒန်မြို့ရဲ့လမ်းမထက်မှာ အရူးတစ်ယောက်လိုပြေးလွှားနေရတယ်။ သူ့အသည်းအသက်ကလေး က သူ့ကိုပုန်းတမ်းဝှက်တမ်းဆော့ကစားခိုင်းထားတာကြောင့်မလို့ ။ အသည်းအသက်ကလေး အပုန်းတော်ချက်ကတော့ ချန်းယောလ်အရူးတစ်ပိုင်းဖြစ်တာတောင်အခုထိရှာဖွေလို့မတွေ့နိုင်သေးတုန်း။ သိပ်သိပ်ချစ်ရတဲ့အကြောင်းတွေ ဝန်ခံချင်တာမလို့ ဆက်မပုန်းပါနဲ့တော့လား အချစ်ကလေးရယ် ကိုယ့်ကိုငဲ့ညှာပေးပါအုန်း..
ဆိုးလ်မှာ မြေလှန်ရှာတာတောင်မတွေ့သေးတာမလို့ လန်ဒန်မြို့ထိရောက်လာခဲ့ပြီ။ ဘတ်ဟျွန်းရဲ့လိပ်စာကိုအတိအကျသိလိုက်ရတာ ချန်းယောလ်အတွက် အပ်တောထဲမှာရွှေအပ်ကလေးကောက်ရလိုက်သလိုပဲ။ ချစ်ကြောင်းတွေ တဇွတ်ထိုးဝန်ခံပြီး ချန်းယောလ်ကသေချာပေါက်ချစ်မိပါပြီဆိုတော့ ဘတ်ဟျွန်းက မရှိတော့။ စစချင်းတစ်ပတ်ထိ စောင့်ခဲ့ပါသေးတယ်။ နောက်တော့သတင်းအစတောင်မချန်ဘဲပျောက်ကွယ်သွားခဲ့တာ ချန်းယောလ် မှာ အရူးမီးဝိုင်း။
ချန်းယောလ်က မိန်းကလေးတွေပဲချစ်တာပါလို့ထင်ပြီး
စေ့စပ်ပွဲထိလုပ်ခဲ့တာ
နှလုံးသားက ချောကလက်ပူပူသောက်တတ်တဲ့ ပုံတုံးတုံးစာဂျပိုးလေးဖြစ်နေမယ်လို့မထင်ထားခဲ့ဘူး ။
သိလိုက်ရတဲ့အချိန်မှာတောင် ကိုယ့်ကိုကိုယ်ဆက်ညာခဲ့တာ ဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်သလဲ...ဘတ်ဟျွန်းက ချစ်ဖို့ကောင်းတယ်..
ဘတ်ဟျွန်းက ချန်းယောလ်နဲ့ဆို မျက်လုံးမှေးမှေးတွေ ပျောက်ကွယ်တဲ့အထိပြုံးရယ်တတ်တယ်..
ဘတ်ဟျွန်းက ချန်းယောလ်ယုတ်တိမရှိတာတွေပြောရင်တောင်စိတ်ဝင်တစားလိုက်နားထောင်ပေးတာ..
ချန်းယောလ်သိပ်ချစ်ရတဲ့ ဘတ်ဟျွန်း။_________________________
ဘတ်ဟျွန်းကဒီနေ့လန်ဒန်ရဲ့နာမည်ကြီးကျောင်းမှာ ဟောပြောပွဲတက်ရောက်မယ်တဲ့။ ချန်းယောလ်မှာ တက္ကသိုလ်တက်တုန်းကအချိန်တွေတောင်ပြန်သတိရသေးတယ်။ ဟောခန်းမကြီးထဲလူတွေအပြည့်ရောက်နေတာမလို့ အခမ်းအနားစတော့မယ် ဘတ်ဟျွန်းရဲ့အရိပ်သေးသေးလေးတောင်သူမမြင်ရသေးဘူး။ ဒီတစ်ခေါက်ဟောပြောပွဲက လူတိုင်းလာနားထောင်လို့ရတာကြောင့် ခန်းမထဲလူပေါင်းစုံရောက်နေသည်။ အခမ်းအနားစတင်ကြောင်းကြေညာသံနဲ့အတူ
တီးတိုးပြောသံတွေပါတိတ်ကုန်တာကြောင့် ချန်းယောလ်ရဲ့ လူရှာမှုလေးလည်းငြိမ်ပေးလိုက်ရပါရဲ့။
YOU ARE READING
𝗛𝗘𝗔𝗧𝗛𝗘𝗥 - 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ( 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfiction𝗍𝗁𝗂𝗌 𝗂𝗌 𝖺 𝗌𝗍𝗈𝗋𝗒 𝗈𝖿 𝖢𝗈𝗇𝖺𝗇 𝖦𝗋𝖺𝗒'𝗌 𝖧𝖾𝖺𝗍𝗁𝖾𝗋 𝗏𝖾𝗋𝗌𝗂𝗈𝗇 𝗈𝖿 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ♡︎