Why would you ever kiss me?
I'm not even half as pretty..
You gave her your sweater,
it's just polyester
But you like her better
Wish I were Heather..
ဘတ်ဟျွန်းရဲ့အတွေးတွေက ဒီဇင်ဘာလရဲ့နောက်ဆုံးအပတ်ကို ပြန်မြင်မိတယ်။ဒီဇင်ဘာလရဲ့နောက်ဆုံးအပတ် ၂၅ရက်နေ့ (ခရစ်စမတ်နေ့) မှာ ချန်းယောလ်တို့သူငယ်ချင်းတွေဟာ ပါတီလုပ်တာကြောင့် ဘတ်ဟျွန်းကိုပါ ချန်းယောလ်ကဖိတ်ကြားခဲ့တယ်။ အရင်ကတည်းက ဘတ်ဟျွန်းက သီးသန့်ဆန်တဲ့သူမလို့ ပါတီတွေဆိုတာကြားဖူးပြီး သူနဲ့မသက်ဆိုင်တဲ့အရာလိုပဲ။ ကျောင်းကပွဲတော်ကိုသဘောကျပေမယ့် ပါတီတွေကိုတော့သူသဘောမကျဘူး ဒါပေမယ့် ချန်းယောလ်ကဖိတ်ကြားတဲ့အပြင် သူကိုယ်တိုင်လာခေါ်ပေးမည် ဆိုတာမလို့
အဲ့ဒီနေ့ကခေါင်းငြိမ့်ခဲ့ရတာပေါ့။ဘယ်လောက်ရင်ခုန်နေလဲဆိုတာပြောပြလို့တောင်မရဘူး။
ချန်းယောလ်လာခေါ်မှာမလို့ ချမ်းအေးတဲ့ဆောင်းရာသီကြီးမှာတောင်သူရေတွေမြန်မြန်ချိုးပြီး အဆင်သင့်ပြင်လိုက်တယ်။ဝတ်စရာတွေစဉ်းစားမနေတော့ပဲ ဆွယ်တာအနီကို အောက်က ကော်လံလက်ရှည်အဖြူနဲ့တွဲဝတ်ပြီး အပေါ်တစ်ထပ်အနေနဲ့ကုတ် ဝတ်လိုက်တာမလို့ နို့နှစ်ရောင်ဘောင်းဘီနဲ့လိုက်ဖက်သလိုရှိသွားတယ်။ နဂိုကတည်းက ဘတ်ဟျွန်းကရေမွှေးသုံးတတ်တာမလို့ အနံ့သင်းရုံနည်းနည်းသာဆွတ်လိုက်တယ်။ ပါတီက လူအနံ့တွေကြောင့်မူးမှာတစ်မျိုး ကိုယ့်အနံ့နဲ့ကိုယ် မူးနေမိမှာရောကြောင့်။ချန်းယောလ်ကတော့ လောင်းကုတ်နက်ပြာရောင်နဲ့ဆွယ်တာလည်ပိတ်ကို ဝတ်ဆင်ထားခဲ့တာ။အဲ့နေ့က ချန်းယောလ်ကသူ့အဖေရဲ့ကားကိုခိုးလာခဲ့တယ်တဲ့။ ပါတီက ချန်းယောလ်သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာပဲမလို့ ရောက်ကတည်းက ဘတ်ဟျွန်းက သူ့ကိုထိုင်ခိုင်းတဲ့နေရာမှာကြုံ့ကြုံ့လေး။အိမ်တွင်းပါတီပေမယ့် ချန်းယောလ်တို့သူငယ်ချင်းတစ်စုလုံးက social butterflies တွေမလို့ ကလပ် တစ်ခုထဲရောက်နေရသလိုပဲ။
" ချန်းယောလ်!! ငါ သန့်စင်ခန်းသွားချင်လို့!! "
လူအုပ်ကြီးထဲမှာ ကခုန်ပြီးပျော်ပါးနေတဲ့ချန်းယောလ်စီရောက်ဖို့ကမလွယ်ဘူး။ ရောက်ပြီး သူ့နားကို အော်တာတောင် ချန်းယောလ်က သေချာကြားရမယ်မထင်ဘူး။ လက်ဟန်အမူအရာနဲ့ပါပြမှ လူအုပ်ထဲကနေ နှစ်ယောက်တူတူထွက်ပြီးအိမ်အပြင်ထိရောက်လာခဲ့တယ်။
YOU ARE READING
𝗛𝗘𝗔𝗧𝗛𝗘𝗥 - 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ( 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfiction𝗍𝗁𝗂𝗌 𝗂𝗌 𝖺 𝗌𝗍𝗈𝗋𝗒 𝗈𝖿 𝖢𝗈𝗇𝖺𝗇 𝖦𝗋𝖺𝗒'𝗌 𝖧𝖾𝖺𝗍𝗁𝖾𝗋 𝗏𝖾𝗋𝗌𝗂𝗈𝗇 𝗈𝖿 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ♡︎