Watch as she stands with her,
holding your hand
Put your arm 'round her shoulder,
now I'm getting colder
But how could I hate her?
She's such an angel
But then again, kinda wish
she were dead ..
ချန်းယောလ်က သူမကိုဘယ်လောက်ချစ်သလဲဆို အရင်ကရည်းစားရှိကြောင်းထုတ်ပြောရတာရှက်လှပါချည်ရဲ့ဆိုပြီး ကြိတ်ပုန်းခုတ်ခဲ့သူမဟုတ်တဲ့အတိုင်း သူမလက်ကိုမြဲမြဲမြံမြံတွဲပြီး ကျောင်းတစ်ခွင်မိတ်ဆက်ပေးနေတယ်။
*ဒါဟာ သူ့ရဲ့သက်ဆိုင်သူမမပါ* တဲ့!
ဒီစာသင်နှစ်ပြီးဆုံးဖို့တစ်လတောင်မလိုတော့ပေမယ့် နေ့စဉ်ရက်ဆက်ကငရဲကျနေသလိုပဲ။ ဘတ်ဟျွန်းစာကိုပဲစိတ်နှစ်ခဲ့ပေမယ့် မသိစိတ်အတွင်းထဲမှာတော့ ချန်းယောလ်ရဲ့လက်ေမာင်းကိုတွယ်ချိတ်ထားတဲ့ သူမရဲ့လက်တွေစီမှာပဲရှိနေတော့တယ်။ အားကျတယ်။ မနာလိုတယ်။ မုန်း.. မမုန်းဘူး မုန်းရလောက်အောင်ထိ သူမက ယုတ်မာရက်စက်သူမှမဟုတ်ဘဲ ဘတ်ဟျွန်းကိုတောင်ချန်းယောလ်သူငယ်ချင်းတစ်ယောက်ဆိုပြီး ဖော်ဖော်ရွေရွေ ဆက်ဆံပေးသေးတယ် ..။
ချန်းယောလ်စာတွေကြိုးစားရတဲ့တရားခံဟာလည်းသူမပဲတဲ့လေ။ သူမတို့ကျောင်းမှာလည်း အနေအေးသလို လူမှုဆက်ဆံရေးကောင်းသူ တစ်ယောက်လို့ သူမက သတင်းမွှေးပြန်တယ်။ ထပ်လောင်းနာကျင်စရာတစ်ခုကတော့ ချန်းယောလ်ရဲ့ မိဘတွေကပါသဘောကျတဲ့မိန်းကလေးပါတဲ့။ ကျောင်းပြီးရင်လက်ထပ်ကြမယ်လို့ကတိကဝတ်ပြုထားပြီးခဲ့ပါပြီတဲ့။ တဖြေးဖြေးနဲ့ ဘတ်ဟျွန်းရဲ့မျှော်လင့်ချက်ခံတပ်လေးတွေကျရှုံးသွားသလို မဖြစ်နိုင်မှန်းသိရက်နဲ့ အိမ်မက် မက်ခဲ့ရတဲ့ လေထဲကအိမ်ကလေးကလည်း ပြိုလဲသွားတယ်။
" ဘတ်ဟျွန်း! ငါတို့ကိုစာရှင်းပြပါအုန်း "
" ငါ ဒီနေ့မေမေတို့နဲ့တွေ့ဆုံပွဲတစ်ခုသွားစရာရှိလို့ မရလောက်ဘူး "
" အဲ့တာဆို နောက်.."
" နောက်ရက်လည်းရမယ်မထင်ဘူး ဒီနှစ်တော့ ယောင်းမီကိုပဲရှင်းပြခိုင်းလိုက်တော့ကွာ "
YOU ARE READING
𝗛𝗘𝗔𝗧𝗛𝗘𝗥 - 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ( 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfiction𝗍𝗁𝗂𝗌 𝗂𝗌 𝖺 𝗌𝗍𝗈𝗋𝗒 𝗈𝖿 𝖢𝗈𝗇𝖺𝗇 𝖦𝗋𝖺𝗒'𝗌 𝖧𝖾𝖺𝗍𝗁𝖾𝗋 𝗏𝖾𝗋𝗌𝗂𝗈𝗇 𝗈𝖿 𝖢𝗁𝖺𝗇𝖡𝖺𝖾𝗄 ♡︎