part 6 (uni & zawgi)

8.2K 253 0
                                    

ကိုကြီးရဲ့ဧ၀ ...၆

ညတိုင်းညတိုင်းသတိရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကိုကြီးကအချိန်မှန်ဖုန်းဆက်တတ်သည်။
ရောက်တတ်ရာရာလျှောက်ပြောကြရင်း.ကိုကြီးနဲ့
အတော်လေးရင်းနှီးလာပြီဖြစ်သည်။

ကိုကြီးဖုန်းခေါ်တာနောက်ကျနေသောနေ့တွေများမှာဆိုရင်ဖြင့် လူကနေမထိထိုင်မသာနဲ့..
ကိုကြီးရဲ့သြဝါဒစကားလေးတွေကိုမူးယစ်ဆေးလိုစွဲ
လမ်းနေမိပြီဖြစ်သည်။

ဆေးကျောင်းစတတ်ကတည်းကအခုထိဂျူးဂျူးမှ
ဂျူးဂျူးသဲသဲလှုပ်ပိုးပန်းကြသောပုရိသတွေကိုအား
နာယုံမှအပကျန်တာထူးကဲပြီးမခံစားခဲ့ရပါ။

နောက်ဆုံးဆေးကျောင်းတတ်စဉ်တလျှောက်အဖွဲ့
ကြခဲ့သောနန္ဒကိုပင်ကိုယ့်ကိုစိတ်၀င်စားမှန်းရိပ်မိ
သော်လည်းသိဟန်မပြ၊သူငယ်ချင်းဆိုတဲ့စည်းတား
ပြီးအေးရာအေးကြောင်းနေနိုင်ခဲ့သည်။

တွေ့တာရက်ပိုင်းခန့်ပဲရှိသေးတဲ့လူတစ်ယောက်ကို
ကြ..သူ့စကားသံတွေကပင်တနေ့တာရဲ့ပင်ပန်းမှု
တွေကိုလျှော့ပါးသက်သာစေတဲ့အထိ..ဂျူးဂျူးစိတ်
ကခံစားသက်၀င်နေခဲ့သည်။
ဖုန်းပြောပြီးမှ အိပ်ယာ၀င်လျှင်ညတိုင်းအိပ်မက်တွေလှသည်၊မနက်တိုင်းလူကလန်းဆန်းနေလို့..

" ဂျူးဂျူးကိုကြည့်လိုက်ရင် အခုတလောအရမ်း
activeဖြစ်နေတာပဲ..."
အတူတာ၀န်ကြသောဆရာမလေးတွေကပြောလာ
တဲ့အထိပင်..

"မဟုတ်ပါဘူး ဆရာမရဲ့၊ သမီးကနဂိုကတည်းက
တက်ကြွပြီးသားပါ..ဟဲ..ဟဲ..."
ကေခိုင်ကထပြီး..
" ဆရာမပြောတာငါလည်းထောက်ခံတယ်နင်အရင်ကဆိုလူနာများလာရင်ခိုမလေးလိုတအားငြီးငြူးတတ်တာပါ..အခုတလောမှတကယ်အပိုးကျိုးနေ
တယ်၊ ပြောစမ်းမိန်းမ..နင်ဘာတွေပျော်စရာတွေ့
နေလဲ..."

" ဟုတ်တယ်သိလား မဂျူးလေ. နှိုက်ဂျူတီကြရင်..
ဟိုလှေကားနားသွားပြီးဖုန်းခိုးခိုးပြောနေတာ..
သမီးတွေ့တာလည်း၂ခါတောင်နော်.."
အလုပ်၀င်တာမကြာသေးသောနာစ့်မလေးကလည်း၀င်ဘေးတီးပေးသည်။

အဲ့ဲဒီလှေကားကအမှောင်ရိပ်ကြပြီးမီးချောင်းကလည်းပြတ်ပြတ်နေတတ်လို့ ...ညဆိုတော်ယုံဘယ်သူ
မှမသွားကြပါ။
" အဲ့ဒီနားတောင်သွားပြီးဖုန်းပြောရလောက်အောင်
ပါဝါတွေပြင်းနေမှတော့..ရင်တွင်းဖြစ်တွေပဲနေမှာ
ပါ...."

ကိုကြီးရဲ့ဧဝ❤️...OC (Complete ) (ဟန်သာ+ ဂျူးဂျူးဟန်သာ)Wo Geschichten leben. Entdecke jetzt