part 19 (uni& zawgi)

7.4K 192 3
                                    

ကိုကြီးရဲ့ဧ၀ ၁၉
အပိုင်း ~ ၁၉

" မေမေ ကကျွန်တော်တို့ကိုဘာလို့သဘောမတူ
ချင်တာလဲ.."
ဂျူးဂျူးမပါပဲ သူတို့သားအမိချင်းသီးသန့်တွေ့ကြစဉ်...
" မင်းမသိလို့ပြောနေတာလား.. လူတွေကမင်းယောက္ခမအိမ်အကြောင်းမေးလာရင်မင်းဘယ်လို
ပြန်ဖြေမလဲ ဟမ်..."
" ကျွန်တော်က ဂျူးဂျူးကိုစတွေ့ကတည်းက
မေတ္တာနဲ့ကြည့်ခဲ့တဲ့အတွက်.. ဂျူးဂျူးတစ်ယောက်
ထဲကိုပဲမြင်တယ်။
သူ့မိဘဘယ်သူလဲ၊သူဘယ်အသိုင်းအဝိုင်းကလဲကျွန်တော်ဂရုမစိုက်ဘူး..
ပတ်၀န်းကျင်ဆိုတာကလည်း ကျွန်တော်ကခွင့်ပြုမှ
သာကျွန်တော့်ဘ၀ကို၀င်ရောက်စပ်စုနိုင်တာပါ..
ဒီလောက်အရေးမပါပါဘူးမေမေ..."

" သာမန်မိသားစုဘ၀မျိုးမှာမနေဖူးတဲ့မိန်းကလေး
က မင်းကိုလည်းပျော်ရွှင်တဲ့မိသားစုဘ၀မပေးနိုင်
ဘူး ဟန်သာ..."
" မေမေကဘယ်လိုလုပ်ဟောကိန်းထုတ်နိုင်တာလဲ
..မေမေဂျူးဂျူးကိုသေချာတောင်လေ့လာဘူးရဲ့လား..
ဖန်သားပြင်ပေါ်ကသူ့ရဲ့ဟန်ပန်အမူအယာကိုကြည့်ပြီးဒီမိန်းကလေးငါ့သားနဲ့မဖြစ်နိုင်ယုံကြည်လိုက်
တာပဲမဟုတ်လား..
ဂျူးဂျူးမှာမေမေမမြင်ဘူးတဲ့..အေးဆေးတည်ငြိမ်
တဲ့ဆရာ၀န်မလေးတစ်ယောက်ရဲ့အပြုအမူနဲ့စိတ်
ထားတွေလည်းရှိပါသေးတယ် မေမေရယ်..."

"သြော် မင်းကတော့ မှိုင်းမိနေလို့သူလုပ်သမျှ
အဟုတ်ထင်နေမှာပေါ့ ...."
" မေမေလည်းနှစ်ခါတောင်ချစ်ဖူးတာပဲလေ
ကျွန်တော့်အချစ်ကိုလည်းမေမေနားလည်သင့်ပါတယ်...."
" ဘာ!..........."

သူ့အမေလက်လျှော့ပြီးစိတ်ဆိုးကာအိမ်ပြန်သွား
ပါသည်။
သူ့မင်္ဂလာဆောင်မှာအမေ့ဆီကကောင်းချီးမရနိုင်
မှာကိုစိတ်မကောင်းမိပေမယ့်.. ဘ၀ဆိုတာအရာ
ရာမှာကိုယ့်အလိုအတိုင်းဖြစ်နိုင်တာမှမဟုတ်ပဲ။

>>>>>>>>>>>>>>>>>>>>>>>>>>>
ရုပ်ရှင်ကားကရုံတင်ခါနီးပြီဖြစ်သည်။မနေ့ကအထူး
ပွဲကိုအတူသွားကြည့်ကြသည်။
ဒီကားဟာဂျူးဂျူးအတွက်မှတ်တိုင်လေးတစ်ခုဖြစ်
သွားပြီမို့ ထပ်တူ၀မ်းသာပီတိဖြစ်ရပါသည်။

ပရိတ်သတ်တွေကြားထဲမှာလဲ ဂျူးဂျုးကအရမ်းဟော့နေပါသည်။လူမှုကွန်ရက်စာမျက်နှာထက်မှာ
သတင်းတစ်၀က်လောက်ကဂျူးဂျုးအကြောင်းဖြစ်
သည်။
ဒါပေမယ့် လူမှုကွန်ယက်ဆိုတာတကယ်တော့များ
ပြားလှသောရာဇ၀တ်မှုကျုးလွန်သူတို့ရဲ့ပန်းခြံကြီး
တစ်ခုလည်းဖြစ်သည်။လူတွေဟာသူတစ်ပါးရဲ့ကိုယ်ရေးကိုယ်တာprivacyကိုသိသိသာသာသော်
လည်းကောင်း၊မသိ၍သော်လည်ကောင်းနေ့စဉ်နဲ့
အမျှစွတ်ဖက်၊ချိုးဖောက်၊ကျူးလွန်လေ့ရှိသည်။

ကိုကြီးရဲ့ဧဝ❤️...OC (Complete ) (ဟန်သာ+ ဂျူးဂျူးဟန်သာ)Where stories live. Discover now