part 8 (uni & zawgi)

7.6K 234 2
                                    

ကိုကြီးရဲ့ ဧ၀ ၈
အပိုင်း ၈

အပြင်မှာမိုးလေးတဖွဲဖွဲရွာနေပါသည်။💦
တင်းတောင်...တင်းတောင်..
တိုက်ခန်းရှေ့ကလူခေါ်ဘဲလ်ကြောင့်ဖတ်လက်စစာအုပ်ကိုချပြီးသူမထွက်ကြည့်ရသည်။
မိုးကာခေါင်းစွပ်အကျီနဲ့အသက်လတ်ပိုင်းလူတစ်ယောက်ကသေတ္တာငယ်တစ်လုံးကိုကိုင်ပြီးတံခါးရှေ့မှာရပ်နေပါသည်။
"ဟို ဘယ်သူလည်းမသိဘူး..."
"ဒီအခန်းကရေပိုက်ပြင်ဖို့ခေါ်ထားလို့.."
သြော်!ကြီးစိန်(အိမ်အကူ)ကရေပိုက်ပျက်နေ
တယ်လို့တော့ပြောသား၊မနေ့ကခေါ်မပြင်လိုက်ဘူးလား။
မနက်ကမျက်နှာသစ်တုန်းကတော့ကောင်းနေသား
ပဲ။မီးဖိုချောင်ဘေစင်ကများလား။

" ၀င်ကြည့်လို့ရပြီလား.."
" သြော်..အင်း..၀င်ခဲ့ပါနော်.."

ခေါ်ထားပြီးမှတော့ပြန်လွှတ်လို့လည်းမကောင်းဘူး။
ကြီးစိန်ကဒီနေ့သူ့သားအိမ်သွားမှာမို့နားရက်ယူ
ထားလို့အခုကအိမ်မှာသူမတစ်ယောက်ထဲရှိနေ
သည်။ဒီနေ့နှိုက်ဂျူတီဆင်းရမှာမို့..နေ့လည်ထိအေး
ဆေးအနားယူနေချင်းဖြစ်သည်။

ခါတိုင်းဆိုကြီးစိန်ကပဲအိမ်ကိစ္စအားလုံးစီစဉ်ပေး
တော့သူမဘာမှနောက်လှည့်ကြည့်စရာမလိုပေ။
ပိုက်ပြင်သမားက၀င်လာပြီး..အိမ်အတွင်းခန်းဘက်
ကိုလှည့်လည်ကြည့်နေတာကြောင့်...

" မီးဖိုချောင်က ဒီဘက်မှာပါ.."
ကြီးစိန်ကလည်းဘာမှန်းမသိဘူး၊ကိုယ်နားမှာကို
များအလုပ်သမားခေါ်ထားရလား။ဟူးး...
ပိုက်ပြင်သမားကမီးဖိုချောင်ဘေစင်ကိုဟိုဟိုဒီဒီ
နှိုက်ချွတ်စမ်းကြည့်နေသည်။
"ဘာဖြစ်တာလဲ မသိဘူးနော်..."
" ပိုက်ပိတ်နေတာ.."
"သြော်.. ဒါဆိုပြင်လို့ရတယ်မှတ်လား.."
" ရတာပေါ့..."
"ဟုတ်...ဟုတ်"

ရေပိုက်ပြင်သမားလည်းသူ့အလုပ်သူလုပ်နေတုန်း
သူမလည်းရှေ့ထွက်ပြီးစားသောက်ထားတာလေး
တွေသိမ်းရင်း..လူစိမ်းတစ်ယောက်ကကိုယ့်အိမ်ထဲ
ရောက်နေတာဆိုတော့တချက်တချက်တော့လှမ်းအကဲခတ်နေရသေးသည်။
ပိုက်တွေကိုဖြုတ်လိုက်ဆက်လိုက်နဲ့ ၄၅မိနစ်လောက်ကြာမှ..
" ရသွားပြီ.."
" သြော် ဟုတ်..ဘယ်လောက်ကျလဲမသိဘူး.."
ထိုလူကသူမမေးတာကိုချက်ချင်းပြန်မဖြေပဲဧည့်ခန်းဘက်သို့လျှောက်လာပြီးဆိုဖာပေါ်ပစ်ထိုင်လိုက်
ကာ...
" ဖြေးဖြေးပေါ့..မင်းကဟိုမင်းသမီးမဟုတ်လား..
ဂျူးဂျူးဟန်သာ..ဆိုတာ..."
နံရံပေါ်ကသူမရဲ့ကိုယ်တစ်ခြမ်းစောင်းwallpaper
ပုံကြီးကိုမေးငေါ့ပြီးမေးလိုက်ချင်းဖြစ်သည်။
"ဂျူးဂျူးဟန်သာတော့ဟုတ်ပါတယ်။
ဒါပေမယ့်မင်းသမီးတော့မဟုတ်သေးပါဘူး.. "

ကိုကြီးရဲ့ဧဝ❤️...OC (Complete ) (ဟန်သာ+ ဂျူးဂျူးဟန်သာ)Where stories live. Discover now