part 15 (uni & zawgi)

7.7K 214 6
                                    

ကိုကြီးရဲ့ဧဝ ၁၅
အပိုင်း ~ ၁၅

" ကိုကြီးကဆေးလိပ်အရမ်းသောက်တာပဲနော်"
သူ့အိမ်ကအလုပ်စားပွဲနားမှာထိုင်ပြီးပြာချထားတဲ့
ဆေးလိပ်ခွက်ထဲကအစီခံတွေကြည့်ရင်းဆူပူနေ
တာဖြစ်သည်။
" တနေ့ကိုတစ်ဗူးလောက်များသောက်နေတာလား"
"တစ်ဗူးတော့မရှိပါဘူး..ညပိုင်းတစ်ခါတစ်လေပါ"

"ကိုကြီးတို့ယောက်ျားတွေကဆေးလိပ်သောက်မှ
စတိုင်ကျတယ်လို့ထင်တာ..."
" အဲ့လိုလည်းမဟုတ်ပါဘူး..
ပါးစပ်ချဉ်တာတို့၊ တွေးစရာရှိတာမျိုးတို့ရှိရင် စီးက
ရက်သောက်မှအဆင်ပြေတာ.."
" စီးကရက်ကသောက်ရင်ဘာတွေကောင်းလို့လဲ..
အဆုတ်ပျက်စီးတယ်၊ပြီးတော့ကိုကြီးကအစာအိမ်
လည်းမကောင်းပဲနဲ့..
ဆေးလိပ်၁လိပ်မှာလူကိုဒုက္ခပေးတဲ့ကင်ဆာဖြစ်စေတဲ့ဓာတ်ငွေ့၂ထောင်ကျော်ပါတယ်..ဒါကြောင့်ဘူးခွံတွေမှာTaboo Seriously damage health .လို့ရေးထားတာပေါ့..."

"ဒါကကြတော့ဆိုရိုးစကားတောင်ရှိသေးတယ်လေ
ဆေးလိပ်နဲ့မိန်းမကတော့တူတူပဲတဲ့..တစ်ခါစွဲမိရင်
ဖြတ်လို့ကိုမရဘူးတဲ့..."
" ဟင် ဆေးလိပ်နဲ့တူရအောင်ကိုကြီးကိုသမီးက
ဘယ်တုန်းကများဒုက္ခပေးဘူးလို့လဲဟင်..."
" မင်းကမပေးပေမယ့် ပေးတတ်တဲ့မိန်းမတွေလည်းရှိတာပေါ့..."
" အဲ့တာဆိုရင် ဝါလုံးရှည်ရဲ့ရမ်းမပြောနဲ့လေ.."

" ခဏလောက် သမီးစက်ခနသုံးမယ်..."
" ဘာလုပ်ဖို့လဲ..."
သူကမဖယ်ပေးတော့..သူ့ပေါင်ပေါ်လာထိုင်ပြီး
သူ့ကွန်ပြူတာကိုယူသုံးသည်။
စာရိုက်ပြီး ပရင့်ထုတ်လိုက်သည်။

" ဒါကဘာလဲ..."
" အင်္ဂလိပ်စကားပုံမှာဒီလိုရှိတယ်တဲ့..
CIGARETTE:
A pinch of tobacco
Rolled in paper
With fire at one end
And a fool at the other!

စီးကရက်ဆိုတာ အစွန်းတဖက်မှာ မီး၊ နောက်အစွန်း တဖက်မှာ သူ့ကိုခဲထားတဲ့ အရူးတယောက်ရှိနေတဲ့ ဆေးရွက်ကြီးစက္ကူလိပ် တခု။ တဲ့..."

သြော်... အဟက်ဟက်...
အရူးကြီးကရယ်နေသည်။
" ကိုကြီးစီးကရက်သောက်ခါနီးတိုင်းမြင်အောင်လို့
ဒါကိုဒီမှာကပ်ထားမယ်..
ဧည့်ခန်းထဲမှာလည်းကပ်ရမယ်..
ဒါမှမရသေးရင် ရုံးမှာပါလိုက်ကပ်မယ်..."

စိတ်ချမ်းသာသလိုလုပ်ဖို့ခွင့်ပြုပေးထားလိုက်သည်။
မိန်းမနဲ့စီးကရက်က အတူတူပဲလေ မဟုတ်လား...

ကိုကြီးရဲ့ဧဝ❤️...OC (Complete ) (ဟန်သာ+ ဂျူးဂျူးဟန်သာ)Место, где живут истории. Откройте их для себя