part 16 (uni& zawgi)

7.4K 207 0
                                    

ကိုကြီးရဲ့ဧဝ ၁၆
အပိုင်း ~ ၁၆

ဂျူးဂျူးကရိုက်ကူးရေးအတွက်စင်ကာပူကိုခရီးထွက်ခဲ့ရပြီး..စလုံးရဲ့တောင်ပိုင်းကအလှပဆုံး
Sentosa.ဆန်တိုဆာကျွန်းကိုရောက်နေပါသည်။
ကဒ်! အိုကေ...
ဂျူးဂျူးနဲ့တွဲဖက်မင်းသားကအင်မတန်နာမည်ကြီး
သူပါ..အပိုအလိုမရှိသရုပ်ဆောင်နိုင်ပြီးဂျူးဂျူးကို
လည်းအများကြီးသင်ပြပေးသည်။
ဒီနေ့အတွက်တော့ကမ်းခြေမှာlove seen
ဇတ်၀င်ခန်းတချို့ရိုက်ကူးပြီးလို့တည်းတဲ့ဟော်
တယ်ကိုပြန်လည်ရောက်ရှိနေပါပြီ။

ဟူးးး ခရီးသာထွက်လာရတယ်ကိုကြီးကိုလုံး၀စိတ်
မချ..ဟိုတောက်တတ်မကြီးအခုချိန်လောက်ဆို
ကိုကြီးအနားကပ်နေပြီလား..ရင်မှာပူမောရသည်။
ဖုန်းတရပ်စပ်ခေါ်သည်၊ ကိုကြီးကမကိုင်...
စာတွေ တစ်စောင်ပြီးတစ်ဆောင်ပို့တာလဲမပြန်😭
သာမန်ဆိုဒီလောက်အကြာကြီးပစ်မထားတတ်ပါဘူး။

ခရီးထွက်တာလည်းသူကြည်ဖြူအောင်ခွင့်ပြုချက်ယူပြီးမှထွက်တာကို..ဘာလို့ဆက်သွယ်လို့မရတာလဲ။

ဒါရိုက်တာက ညပိုင်းseenမရှိလို့နားလို့ရပြီဟုသူ
တို့ကိုပြောသည်။တနေကုန်ပင်ပန်းပေမယ့် နှလုံး
သားကပိုမောဟိုက်နေတာကြောင့်..အိပ်လို့လည်း
မပျော်နိုင်သေးပါ။
မန်နေဂျာကညနေကလာကျွေးတဲ့diet မုန့်တောင်သူမသိပ်စားမ၀င်ခဲ့ပါ။

ကိုကြီးရေဘာဖြစ်နေတာလဲ၊ ဘာဖြစ်လို့ဖုန်းခေါ်မရတာလဲ....

ရေချိုပြီးခေါင်းလျှော်ကာ..ဒရိုင်ယာနဲ့မှုတ်နေတုန်းမှ
ဒေါက်..ဒေါက်..
ညကြီးကိုဘယ်ဟော်တယ်Serviceကလာမှန်း
မသိ..တံခါးဆီလျှောက်သွားပြီးခပ်ဟဟလေးဖွင့်
ကြည့်လိုက်သည်။ ဟော်တယ်က၀န်ထမ်းလေးက
အစားအသောက်နဲ့ဝိုင်ပါတဲ့တွန်းလှည်းနဲ့သူမအခန်းရှေ့မှာရပ်နေပါသည်။
" ဘာတွေလဲဟင်..."
" မှာထားတာတွေပါ Miss.."
" ကျွန်မမမှာမိပါဘူး.."
ဒါရိုက်တာနဲ့မန်နေဂျာကလည်းညဘက်ကြီးဝိုင်တွေ
မပို့နိုင်ပါဘူး။
" ဟို အခန်းမှားနေတယ်ထင်တယ်နော်..."

" မမှားပါဘူး ကိုယ်မှာထားတာ..."
သူမနဲ့နံရံကွယ်နေလို့မမြင်ရတဲ့အခြမ်းကနေကိုကြီး
ကဘွားခနဲပေါ်လာပါသည်။
" ကိုကြီး..."
ရင်ထဲကတမ်းတနေချိန်မှာ.အခုလိုရှေ့ရောက်လာ
တာကိုမယုံနိုင်အောင်ဖြစ်ရသည်။
" ရှူး... "
အစားအသောက်လှည်းကိုအခန်းထဲမြန်မြန်သွင်းပြီးလာပို့သောကောင်လေးအားကိုကြီးပိုက်ဆံပေး
လိုက်တာတွေ့သည်။
အခန်းထဲရောက်မှ.. သူကဂျူးဂျူးကိုလာဖက်စေ
ချင်တဲ့သဘောနဲ့လက်နှစ်ဖက်ကိုကားပေးပါသည်။
ဂျူးဂျူးက သူ့ခါးကိုသိုင်းဖက်ထားလိုက်ပြီး..မေးဖျားကိုမော့နမ်းကာ...

ကိုကြီးရဲ့ဧဝ❤️...OC (Complete ) (ဟန်သာ+ ဂျူးဂျူးဟန်သာ)Where stories live. Discover now