Chapter-23

3.2K 560 41
                                    


~Unicode~

" မင်းကို အစားထိုးမှာလား ?" ပိုင်ယွဲ့က တောင့်ခဲသွားသည် ။ " သေချာရဲ့လား ?"

" ဒါက ဒီအတိုင်း ချစ်ကြည်ရေးပွဲလေးပဲလေ... ကိုယ့်ဘာသာ ဆော့ချင်သလို ပျော်ပျော်ပဲ ဆော့ကြတာပေါ့ " ယောင်စန်းက ပုံမှန်အတိုင်းပြောကာ အနည်းငယ်မျှ စိုးရိမ်နေပုံရသည့် ကျိုးကျစ်ယွိထံ လှည့်လာသည် ။

" ကျစ်ယွိ... အရမ်းကြီး စိတ်ဖိစီးမနေနဲ့... ရှုံးရင်လည်း ရှုံးတယ်ပေါ့... အခြားအသင်းနဲ့ ပြိုင်ပြီးကစားရတာက ပုံမှန် လေ့ကျင့်ရေးတွေနဲ့ မတူဘူး...  အခုမင်းရဲ့ တာဝန်က တကယ့်ပြိုင်ပွဲတွေဆိုတာက ဘယ်လိုမျိုးလဲဆိုတဲ့ စည်းချက်နဲ့ ဖြည်းဖြည်းချင်း အသားကျလာအောင် လုပ်ဖို့ပဲ "

ကျိုးကျစ်ယွိက ယောင်စန်းပြောသည်အား ကြားပြီးသည့်နောက်တွင် အတော်လေး စိတ်သက်သာရာ ရသွားလေသည် ။ သူက အသက်ပြင်းပြင်း ရှုလိုက်ကာ စိတ်ဓာတ်ခိုင်မာစွာဖြင့် ခေါင်းငြိမ့်ပြလာသည် ။

ယောင်စန်း : " ငါက အဲ့မှာ ခေါင်းဆောင်အဖြစ် ရှိနေမှာ မဟုတ်တော့ ခေါင်းဆောင်နေရာကို လောင်စုန့်ကို ပေးခဲ့လိုက်မယ်... လောင်ဝမ် မင်း အဆင်ပြေမယ်ထင်တဲ့အတိုင်းသာ ဆော့သွား "

စုန့်မင်ကျယ်က Titans အသင်း၏ ဝါရင့်ကစားသမားများထဲမှ တစ်ဦးဖြစ်ကာ လက်ထောက်ခေါင်းဆောင်အဖြစ် သတ်မှတ်၍ရသော assault player တစ်ဝက် support player တစ်ဝက် ဖြစ်သည့် all-rounder တစ်ဦးလည်း ဖြစ်ပေသည် ။ ယောင်စန်းသာ မရှိပါက စုန့်မင်ကျယ်က သူတို့အသင်း၏ အရန်ထားထားသော အဓိကကစားသမား ဖြစ်လာပေမည် ။

လက်ရှိတွင် အသင်းတစ်ခုလုံး၌ ရလဒ်တစ်ခုထွက်အောင် carry ပေးရမည့် တစ်ဦးတည်းသော ကစားသမားဖြစ်သူ ဝမ်ယွီရှီးက ကိုယ့်ကိုယ်ကို ရှင်ဘုရင်၏ မောင်းမသုံးထောင် ဝန်းရံနေသကဲ့သို့ သွေးနားထင်ရောက်သွားလေပြီး ချက်ချင်းပင် အားတက်ဖွယ် ပြောလာလေသည် ။

သူက ပြောသည် " ကိစ္စမရှိဘူး... ငါ... သခင်ရှီးက ညာဘက်ကနေ ပွေ့ပိုက်ပြီး ဘယ်ဘက်ကနေ ဖက်တွယ်ပြီး အနောက်ဘက်ကနေ မှီခိုတဲ့ ခံစားချက်မျိုးကို သဘောကျပေတယ်... ကြင်ရာတော်ယွိ... ကြင်ရာတော်ယွဲ့ နဲ့ ကြင်ရာတော်ကျယ်တို့... ငါ့ကို ဝန်းရံကြလော့ !!"

Does Love at First Sight Exists in E-Sports?║မြန်မာပြန် 『Completed 』Where stories live. Discover now