Chapter-38

3.4K 517 33
                                    

~Unicode~

ရိယိုသို့အပြန် ရထားပေါ်တွင် ယောင်စန်းက နှစ်သစ်ကူးမတိုင်ခင်တုန်းက ဒုတိယအဒေါ်မိသားစု သူ့အား ပြောခဲ့သည့် အကြောင်းအရာများအား ပြန်စဉ်းစားမိရင်း ခေါင်းကိုက်လာသည် ။

ယောင်စန်းကိုယ်တိုင်ကလည်း Titans သို့ အာရှဆာဗာရှိ သူ၏ solo ranking ကြောင့် ဝင်ခွင့် ရခဲ့သူဖြစ်သည် ။ သူသည်လည်း တစ်ပတ်မျှသာ ဖြစ်သော်ငြား လူငယ်လေ့ကျင့်ရေးအသင်းတွင် အချိန်ခနမျှ နေခဲ့သေးပေသည် ။ ယောင်စန်းက သူ၏ ဒုတိယအဒေါ်အား သူ့ထံတွင် ထိုကိစ္စနှင့် ပတ်သတ်၍ လုပ်ပေးနိုင်စွမ်း မရှိကြောင်း ပြောပြခဲ့သော်လည်း သူ၏ ညီဝမ်းကွဲမိသားစုအား မပျော်မရွှင်ဖြစ်သွားစေသည် ။

အကယ်၍ ယောင်စန်းထံတွင်သာ ခေါင်းဆောင်တစ်ယောက်အနေနှင့် ကိုယ်သဘောကျသည့်သူအား လူငယ်လေ့ကျင့်ရေးအသင်းသို့ ခေါ်သွင်းခွင့်ရှိနေမည် ဆိုပါက ထိုသူကသာ တစ်ခေတ်မှ တစ်ယောက် ပေါ်ထွန်းတတ်သော Esport လောက၏ ဉာဏ်ကြီးရှင်မျိုးဆိုလျှင် ယောင်စန်းက ဝင်ခွင့်ပေးလိုက်မည်မှာ ဧကန်မလွဲပါပေ ။ သို့သော် သူ့ညီဝမ်းကွဲ၏ အရည်အချင်းမှာကား သာမန်မျှသာ ။ လေ့ကျင့်ရေးစင်တာတွင် တစ်နှစ် နှစ်နှစ်မျှ ဒုက္ခပေါင်းစုံခံကာ လေ့ကျင့်ရေးဆင်းခဲ့ကြသော လူငယ်လေ့ကျင့်ရေးအသင်းတွင် ရှိနေသည့် အသင်းသားများက မည်သို့ တွေးထင်ကြပါမည်နည်း ။

ယောင်စန်း၏ မိဘများက သူ့အား စိတ်မပူရန် ပြောလာကြပြီး ဤကိစ္စနှင့် ပတ်သတ်၍ အကြံဉာဏ်များလည်း ပေးခဲ့ကြသည် ။

ယောင်စန်း ပြန်ရောက်သည်မှာ အနည်းငယ်မျှ နောက်ကျသည့်ပုံပေ ။ သူ၏ ကျန်ရှိသည့် အသင်းသားများအားလုံးက ကလပ်တွင် ရောက်နေကြပြီးဖြစ်ကာ group chat ထဲ၌ သူတို့ ဒီနှစ် ရရှိခဲ့သော ဟုန်ပေါင်းများအား ဝမ်းနည်းကြေကွဲစွာ ရေတွက်နေကြသည် ။

ဝမ်ယွီရှီး : ငါ့ရဲ့ အမျိုးတွေက အရမ်းကို ရက်စက်တာပဲ... ငါအခုထိ လက်တောင် မထပ်ရသေးဘူးကို... ငါ့ကို ဘာမှမပေးကြဘူး... သူတို့ရဲ့ ကလေးတွေကို ခေါ်လာပြီး ငါ့ဆီကတောင် ဟုန်ပေါင်း ပြန်တောင်းခိုင်းနေကြတယ်

Does Love at First Sight Exists in E-Sports?║မြန်မာပြန် 『Completed 』Wo Geschichten leben. Entdecke jetzt