Chapter-67

2.5K 443 47
                                    

~Unicode~

ယောင်စန်းမှာ ကစားသမားများအတွက် နားနေခန်းထဲမှ ဆိုဖာထက်၌ ထိုင်နေကာ သူ၏ခေါင်းအား လှည့်၍ ဝမ်ယွီရှီးအား အချိန်တစ်ခုကြာအောင် စိုက်ကြည့်လာပြီးနောက်တွင် တစ်ဖက်သို့ ပြန်လှည့်သွားသည် ။ သို့သော်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ပဲ ပြောလာသည် ။

" လောင်ဝမ်... ခြေထောက်လှုပ်မနေစမ်းနဲ့... အဲ့တာက ငါ့ကို ခေါင်းမူးလာအောင် လုပ်နေသလိုပဲ "

ချန်ပီယံဆုနှင့် ဒုတိယနေရာအတွက် ယှဉ်ပြိုင်ရမည့် နောက်ဆုံးဖိုင်နယ်လ်ပွဲစဉ်မှာ မိနစ်လေးဆယ်အတွင်း စတင်တော့မည်ဖြစ်ပြီး Titans ကစားသမားများက နားနေခန်းထဲ၌ အသင့်စောင့်နေကြခြင်းဖြစ်သည် ။

ပြိုင်ပွဲကွင်းသို့ လာရာလမ်းတစ်လျှောက်တွင် ဖန်များအားလုံးက သူတို့၏ လက်များအားဝှေ့ယမ်းလျက် အော်ဟစ်အားပေးနေခဲ့ကြပြီး သတင်းထောက်များကလည်း လျှပ်တစ်ပြက်ရိုက်ချက်များနှင့်အတူ သူတို့၏နောက်သို့ လိုက်လာခဲ့ကြရင်း Odin အသင်းနှင့်ယှဉ်ပြိုင်တော့မည့် Titans အသင်းသားများ၏ ပုံရိပ်များအား ရိုက်ကူးလာခဲ့ကြသည် ။

အဓိကပြိုင်ပွဲကွင်းကြီး၏ စခရင်ထက်တွင်လည်း Titans အသင်းနှင့် Odin အသင်းတို့၏ logo များအား ပြောင်းလဲပြသထားပြီး ဖြစ်သည် ။ အနီနှင့်အနက်တို့ ရောစပ်ထားသည့် logo နှင့် အပြာရင့်ရောင် logo တို့က LED စခရင်ကြီးထက်တွင် ကန့်လန့်ဖြတ် တည်ရှိနေရင်း ပြိုင်ပွဲကွင်းကြီးတစ်ခုလုံးအား အရောင်များဖြာကျနေခဲ့ကာ တစ်ကမ္ဘာလုံးမှ E-Sport ဖန်များအားလုံးအနေနှင့် ဤအခိုက်အတန့်လေးအား စောင့်ဆိုင်းနေခဲ့ကြခြင်းဆိုသည်မှာက ချဲ့ကားပြောဆိုခြင်းမျိုး ဟုတ်မနေခဲ့ရ ။

Titans မှာ ကြီးမားသည့်ပြိုင်ပွဲကြီးများ၌ ပါဝင်ယှဉ်ပြိုင်ဖူးသည်ဖြစ်သော်လည်း ဤကဲ့သို့ ကြီးမားလွန်းလှသည့် ပြည်ပပြိုင်ပွဲစဉ်ကြီးမျိုးကိုမူ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည် ။ ပြိုင်ပွဲမစတင်မီကတည်းကပင် ဝမ်ယွီရှီးက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး နားနေခန်းထဲ၌ သက်ပြင်းအကြိမ်ကြိမ် ချနေခဲ့သည် ။

Does Love at First Sight Exists in E-Sports?║မြန်မာပြန် 『Completed 』Where stories live. Discover now