Chapter-29

3.1K 550 26
                                    

~Unicode~

Titans_Sen : သူမက မင်းတို့ရှောက်ကောရဲ့ ညီမလေးပါ... အဲ့ဒါကြောင့်မို့ ကိစ္စတွေကို အကြီးကြီးဖြစ်အောင် မလုပ်ကြပါနဲ့တော့.. မင်းတို့ရဲ့ ရှောက်ကောက သူ့ညီမလေးကို အရမ်းကို သည်းသည်းလှုပ်တာ.. အဲ့တော့ သူက မင်းတို့တွေကို စခရင်ပေါ်ကနေ လှမ်းပြီးတော့ မရိုက်နိုင်ပေမယ့် ငါ့ကိုတော့ လာပြီး ရိုက်နိုင်သေးတယ်လေ

[ ဟားဟားဟားဟားဟားဟားဟား ??]

[ သုံးပွင့်ဆိုင်အချစ်လို့ ခန့်မှန်းနေကြတဲ့သူတွေ အကုန်လုံး သူတို့ရဲ့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရပြီ ( ခွေးပုံ ) ]

[ စန်းကောရဲ့ post ကိုမြင်ပြီးတဲ့အချိန် ငါ့ရဲ့ ပထမဆုံး တုန့်ပြန်မှုတော့ အတော်လေး စိတ်သက်သာရာ ရသွားတာပဲ ]

[ ငါရောပဲ ]

[ ငါ ငါ့ရဲ့ စန်းကျို fan fic တွေကို ဆက်ပြီး ဖတ်တော့မယ် ]

[ အဲ့ ပုံတွေ ဗီဒီယိုတွေကနေပြီးတော့ ရှောက်ကောနဲ့ အဲ့ညီမလေးနဲ့ အတော်လေးဆင်တာကို ငါမြင်နေရတယ် ]

[ ရှောင်ကျိုကတော့ တကယ်ကြီးကို ညီမလေးကို သည်းသည်းလှုပ်လွန်းတာပဲ !!]

[ စိတ်မပူပါနဲ့ စန်းရှန်... ရှောက်ကောက ဘယ်တော့မှ ရှင့်ကို ရိုက်မှာ မဟုတ်ပါဘူး ]

ယောင်စန်းက comments များအား ဖတ်ရင်း အချိန်ဖြုန်းနေခဲ့ပြီး သူ၏ ဖန်များ၏ နားလည်သဘောပေါက်သည့် level မှာ နောက်ထပ်အဆင့်တစ်ခုသို့ ရောက်နေကြပြီဖြစ်ကြောင်း တွေးမိသွားလေသည် ။

ယောင်စန်းက သူ၏ ဖုန်းအား ချလိုက်ပြီးနောက်တွင် အသိဉာဏ်ရှိရှိနှင့်ပင် AD ပွဲအနည်းငယ်ကစားရန် လိုင်းတက်လိုက်သည် ။

ရှောက်မုန့်လာလည်သည့် ဒုတိယနေ့တွင် ရှောက်ဟန်က သူမ၏ စာလေ့လာမှုများအား ကြီးကြပ်ပေးခဲ့သော်လည်း ရှောက်မုန့်က တစ်နေ့ပတ်လုံး ဟိုတယ်အခန်းထဲတွင် မနေချင်သောကြောင့် နေ့လည်ခင်းတွင် ရိယိုသို့ လိုက်လည်ခွင့်ပြုပါရန် ရှောက်ဟန်အား ချော့မြှူကာ မရပ်မနား အနှောက်အယှက်ပေးလေတော့သည် ။

ရှောက်ဟန်က ရှောက်မုန့်အား ယောင်စန်းနှင့် နှစ်ယောက်ထဲ တွေ့ခိုင်းရန်အတွက်မူ အတော်လေး စိတ်အားထက်သန် မနေခဲ့ ။ ရှောက်မုန့်က ယောင်စန်းအား တွေ့သည့်အချိန်တိုင်းတွင် ပေါ်ထွက်လာတတ်သော စိတ်အားတက်ကြွသည့် အမူအရာကို မြင်လိုက်ရသည့်အချိန်တိုင်းတွင် ရှောက်ဟန်မှာ အနည်းငယ်မျှ စိုးရိမ်ပူပန်လာလေသည် ။ ယောင်စန်းက ရှောက်မုန့်အပေါ်တွင် ထိုကဲ့သို့သော အမြင်မျိုးမရှိမှန်း သိနေခဲ့သော်လည်း ရှောက်မုန့်၏ နှစ်သက်သဘောကျမှုက မည်သည့်အချိန်တွင် အချစ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဆိုသည်အား ဘုရားကသာ သိပေလိမ့်မည် ။

Does Love at First Sight Exists in E-Sports?║မြန်မာပြန် 『Completed 』Donde viven las historias. Descúbrelo ahora