ETHAN

98 16 4
                                    

ထိုလူကျွန်တော့်နားကိုပေါ်မလာတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။စာသင်ချိန်တိုင်းလဲ စာတွေထဲအာရုံမစိုက်နိုင် အဲ့လူအကြောင်းသာတွေးရင် ကြိတ်မနိုင်ခဲမရဖြစ်နေရသည်။ထိုသည်ကြောင့်ဒီနေ့ဝင်ခဲ့သမျှအတန်းတိုင်းရဲ့ဘာသာတိုင်းကိုနားမလည်လိုက် အထူးသဖြင့် သင်္ချာ။နောက်စာသင်ချိန်တစ်ခုနှင့် အခုချိန်ကြား မိနစ်၃၀ကျော်ကွာခြားသည်မို့ ပျင်းတဲ့တဲ့နှင့် ကန်တင်းဘက်သို့လျှောက်လာခဲ့သည်။

ကန်းတင်းရောက်တော့လည်း ဘယ်တုန်းကမှဝယ်မသောက်ခဲ့ဘူးတဲ့ CAFÉ ALLONGÉ ကိုမှာသောက်မိတယ်။ ကော်ဖီသောက်နေရင်းနဲ့လဲထိုလူ့အကြောင်းတွေးမိပြန်တာပဲ။လူကဝတ္ထုတွေဖတ်တာများလို့လားမသိ ထိုလူက ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲကလိုညဘက်တွေညနေဘက်တွေမှပေါ်လာတက်တာမြန်းလား။ဒါမှမဟုတ် ငါတစ်ယောက်ထဲပဲထိုလူ့ကိုတွေ့မိနေတာလား။စသဖြင့်ပေါက်ကရအတွေးတို့နယ်ချဲ့နေရင်း လက်ကိုလူတစ်ယောက်လာဆွဲမှကြောက်စိတ်တောင်လှိုက်ခနဲ။

"ဆောတီးကောင်လေးကိုယ်ဒီတစ်လောအလုပ်များသွားလို့မင်းကိုပြစ်မိသလိုဖြစ်သွားတယ်။"

"ရပါတယ် ဒါနဲ့ဘာလို့ကျွန်တော့ကိုလာရှင်းပြနေတာလဲ"

"မင်းလေးသိသင့်တယ်ထင်လို့"

ကျွန်တော်လည်းသူမေးထားတဲ့ သူ့ရဲ့ရှားပါးတဲ့မေးခွန်းလေးအားပြန်ဖြေကာသူ့ဘေး၌ဝင်ထိုင်လိုက်သည်။တစ်ခါတစ်လေထိုကောင်လေးကသိပ်ပြီးဆက်ဆံလို့မကောင်းသည့်စကားများကိုလည်းထ ကာပြောတက်သေးသည် အခုလိုပေါ့။

"မင်းစာသင်ချိန်ပြီးပြီလား"

"ဟင့်အင်း ကိုရီးယားချိန်ကျန်သေးတယ်"

"ကိုယ်သိထားရသလောက်တော့ မင်းက ကိုရီးယားဘာသာရပ်အချိန်ဆိုအတန်းပျက်ပြီး အလုပ်လုပ်တယ်ဟုတ်?"

ထိုအီသန်ဆိုသူက ကျွန်တော့်စကားဆုံးဆုံးခြင်းပင် ကျွန်တော်အတန်းပျက်တဲ့ကိစ္စကိုပါပြောတော့သည်။ထိုသူကျွန်တော့်အကြောင်းကို ၁ ကနေ ၁၀ ထိသိနေသည့်ထိုလူ့အား သိပ်တော့မသင်ခါချင်။

"ဒီနေ့က Monday ဆိုတော့ မင်းအလုပ်ချိန်နဲ့ အတန်းဆင်းချိန်နဲ့ကအများကြီးကွာဟနေတယ်။အဲ့အခါကြရင်မင်းကအဆောင်ကိုပြန်လေ့ရှိတယ်ဟုတ်"

EIFFEL Where stories live. Discover now