Eiffel ကိုအကြားကြီး un ထားပြီးမှ ဘာမှ edit မလုပ်ရသေးပဲနဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ ^^
Extra ရေးလို့အပြီးမှ ပြန်လာမယ်လို့ဆုံးဖျက်ထားပေမဲ့ ဗယ်လ်မှာ စာရေးတဲ့ဘက်ကိုမလှည့်နိုင်တာကြောင့်ဘာမှမရေးထားဘူးဖြစ်နေတယ်ရယ်။အဲ့ဒါကြောင့်မို့ ဒီစာထဲကပဲရှင်းပြချင်ပါတယ်။
Question 1
-ending ကြီးကဘယ်လိုဖြစ်သွားတာလဲ? နမ်းခဲ့ဖတ်ခဲ့ကြပြီးမှ။
အဖြေကတော့ : အမှန်တော့အီဟီက bisexual တစ်ယောက်ပါ။ဒါပေမဲ့ အထက်တန်းတက်တဲ့နှစ်စမှာ ယန်းဂျောင်မီနဲ့တွေ့ဆုံခဲ့ပြီးချစ်ကြွမ်းဝင်ခဲ့ပါတယ်။နောက်ပိုင်း လက်ထပ်ခါနီးမှာ ဂျောင်မီဘက်က တစ်ခုတောင်းဆိုခဲ့တာက သူ့ရဲ့ပျောက်ဆုံးနေတဲ့ အဖွားနဲ့မောင်လေးကိုရှာပေးဖို့ပါပဲ။ ဇာတ်လမ်းရဲ့အစကတော့အဲ့ကပါပဲ။
Question 2
-အီဟီက ယန်းကိုတကယ်ချစ်ခဲ့လား?
အဖြေကတော့: ချစ်ခဲ့ပါတယ်။အချို့အပိုင်းတွေမှာဆို အီဟီဟာ သူ့စိတ်သူပြန်ထိမ်းခဲ့တယ်ဆိုတာကို သိမယ်လို့ထင်ပါတယ်။ ယန်းတို့မြေးဖွားကိုရှာမယ်ဆိုပြီး စတင်စုံစမ်းခဲ့တဲ့အချိန်ထဲက အီဟီရဲ့စိတ်ထဲ ယန်းရဲ့ ဓါတ်ပုံကိုမြင်ပြီး မယိုးမယွဖြစ်ခဲ့ပါတယ်။သို့ပေမဲ့ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့အမျိုးသမီးလဲရှိတာမို့ အမှု့မဲ့အမှတ်မဲ့သာနေခဲ့မိပါတယ်။ ယန်းနဲ့တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ အီဟီရဲ့စိတ်ထဲ ပိုလို့တောင် သိသာထင်ရှားတဲ့ ခံစားချက်တွေရှိလာခဲ့ပါတယ်။ တစ်ဖက်လူဖြစ်တဲ့ ယန်းကလဲ သူ့အတိုင်းထပ်တူညီစွာခံစားရတာကို သူသိတဲ့အချိန်မှာ သူ့စိတ်နိုင်အောင်အများကြီးထိန်းချုပ်ခဲ့ရပါတယ်။
Question 3
-အဖွားက အီဟီကိုသိနေတာလား?
အဖြေကတော့ : သိပါတယ်။ ဘာကိုမှမလှုပ်ရှားရသေးခင် ဂျောင်မိနဲ့ အီဟီက အဖွားနဲ့တွေ့ဆုံဖို့အရင်ဆုံး ကိုရီးယားမှာ သွားရှာခဲ့တာဖြစ်ပါတယ်။အဲ့မှတဆင့် ယန်းရဲ့အခြေအနေကိုသိလာရတာဖြစ်ပါတယ်။
Question 4
- သူတို့ရဲ့တွေ့ဆုံမှု့ကရောအစစ်အမှန်လား?အဖြေကတော့ : မဟုတ်ပါဘူး။ယန်းကို မိသားစုလိုက်သွားတွေ့တော့မဲ့အချိန်မှာ အီဟီက မပိုင်ဆိုင်ရရင်တောင် တစ်ချိန်ကတော့ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့အကြွင်းအကျန်တစ်ခုကိုလိုချင်ခဲ့တာမို့ တစ်မိသားစုလုံးသွားရောရင် ငယ်"တုန်းက ဖခင်ကမျက်စိရှေ့မှာတင်ဆုံးသွားရတဲ့အကြောင်းတွေပြန်ပေါ်လာပြီး စိုးရိမ်ရလောက်မယ်ဆိုပြီး ဖာထေးပြောခဲ့ပြီး သူကိုယ်တိုင်အဲ့ကလေးကိုချင်းကပ်ပြီး ဂျောင်မိတို့နားခေါ်ခဲ့မယ်ဟူကာပြောခဲ့ခြင်းဖြစ်ပါတယ်။ Tom ကလဲ အီဟီ သပည့်တစ်ဦးရဲ့သားဖြစ်နေခဲ့တာပါ။ အဲ့ကနေစပြီး ယန်းနဲ့ခင်မင်အောင်ပေါင်းသင်းခိုင်းခဲ့ပါတယ်။ (သူတို့စီစဉ်ကာစက ယန်းသွားသွားခြင်းပဲရှိပါသေးတယ်)။
Question 5
-ယန်းကိုဘာလို့လက်မထပ်လဲ
အဖြေကတော့ : အီဟီနဲ့ ဂျောင်မိဟာ လက်ထပ်ကိုထပ်ရမယ်ဟူ၍ အသိုင်းအဝိုင်းကြားလဲ ချပြသင့်သလောက်ချပြပြီးခဲ့ပြီမို့ လွန်ကျွံမိသည့်အတိုင်းအတာတစ်ခုထိလွန်ကျွံမိခဲ့ကုပြီးပါပြီ။ဆေးဝါးတွေပေါ်သောနေတဲ့ခေတ်ကြီးဆိုပေမဲ့ အသိုင်းအဝိုင်းကလူတွေမို့ နာမည်မပျက်ရလေအောင် ကြေညာပြီူအတိုင်းသာလုပ်ဆောင်ခဲ့ကြတာပါ။ နောက်တစ်ချက်က အီဟီ ယန်းကိုချစ်ခဲ့တယ်ဆိုပေမဲ့ တကယ်ရွေးချယ်းမယ်ဟုဆိုတဲ့အခါ အီဟီရဲ့ စိတ်ရော၊ကိုယ်ရောက
ယန်းဂျောင်မိ ကိုပဲပတ်သက်ဆက်နွယ်ချင်နေတဲ့ပုံစုံမျိုးဖြစ်နေခဲ့တဲ့သဘောပါ။ဒီလောက်ဆ်ိုရင်တော့ရှင်းသင့်သလောက်ရှင်းပြီဟုခန့်မှန်းမိပါတယ်။
ကျေးဇူးတင်ပါတယ် // မဗယ်လ်
YOU ARE READING
EIFFEL
FanfictionWe met some where in Paris.We made lots of memories but now we have to end in Paris.All the thing we did are meaningful and adorable. Start: nov 17 .21 End: Dec 13 22 Total plot:16 Cover drawing by @heeacequ [uni & Zawgyi]