Meet?

153 22 12
                                    

ကျွန်တော်တွေးလက်စအတွေးတို့ကို လက်စသက်၍ ထွက်လာခဲ့သည် ထိုနောက်တော့ကျွန်တော် အလုပ်သို့ရောက်လာခဲ့ ပြီလေ။

နေ့လည်ထမင်းစားပြီးတဲ့အချိန်ဆိုတော့ဆိုင်မှာကလူရှင်းတယ် ပြီးတော့ ကျွန်တော်တို့ဆိုင်က ညစာအတွက်ပိုစားကောင်းသည်မို့ ညနေဘက်လောက်မှလူကျများသည် ဒီနေ့ထူးဆန်းနေ တစ်ဆိုင်လုံးမှာရှိတဲ့လူတွေအကုန်လုံးကတော်ဝန်ဝတ်စုံကိုမှ မျက်နှာဖုံးအသီးသီး
ဖြင့် ..

ကျွန်တော်သည်လည်းပြင်သစ်ကိုရောက်တာတစ်နှစ်ပြည့်ခါနီး ဆိုပေညားဒီလိုထူးဆန်းတဲ့တဲ့ အပြုအမှုကိုမတွေ့ဖူး Tom ကိုမေးမည်လုပ်တော့သူ့ကိုပါရှာမရတော့ ထို့နောက်ကျွန်တော့် ပုခုံးက်ုအနောက်ကနေလာပုဒ်တယ်။

ကျွန်တော်ကိုထိုသို့ဆက်ဆံသည်ဆိုလို့ Tom သာရှိသည် သူ့လက်ထဲမှာအပြာရောင်တော်ဝန်ဝတ်စုံ နှင့် ငှက်မွှေးအဖြူတို့ဖြင့်ဆင်ယင်ထားတေသာ မျက်နှာဖုံးတစ်ခုပါလာခဲ့သည် ။

"ရော့ မင်းဝတ်ဖို့"

"ဘာကြီးလဲ ဒီနေ့ကြမှထူးထူးဆန်းဆန်း ဘာလို့ဝတ်ရမှာလဲ"

"အော် sorry မင်းမသိသေးဘူးပဲ ဒီကာလက ဆောင်းအကုန်နွေအကူးလေ ငါတို့ဆီမှာနှစ်စဉ်ရက်တစ်ရက်သက်မှတ်ထားပြီး မျက်နှာဖုံးတွေကိုသေချာဝတ်ဆင် ပြီးကိုယ်ကြိုက်နှစ်သက်ရာလူနဲ့ ကလို့ရတယ် ပြီးတော့ဒီနေ့လာစားတဲ့တဲ့သူတွေကလည်း မျက်နှာဖုံးတက်လာကြမှာလေ ရော့မင်းမြန်မြန်သွားဝတ် ပြီးရင်မန်နေဂျာမသိအောင် ဓါတ်ပံုရိုက်ပေးမယ်"

"အေးပါကွာ ဒါဆိုငါသွားလဲလိုက်ဦးမယ်"

ကျွန်တော်လည်းထိုဝတ်စုံကိုယူ၍အဝတ်လဲခန်းဖက်သို့ ထွက်လာခဲ့သည်....။

ထို့နောက်သူဝတ်စုံလဲလိုက်ပြီးမျက်နှာဖုံးဝတ်ရန် ပြင်ဆင်လိုက်သည် ထိုလူသားသည် ထိုကထီပါ အပြာဝတ်ရုံနှင့်အတော့်ကိုလိုက်ဖတ်သည် ပြီးနောက် နို့နှစ်ရောင်အသားအရည်တတို့ပေါ်တွင် ကပ်လျှက်တည်ရှိနေသော ငှက်မွှေးအချို့နှင့်ပြုလုပ်ထားသည့် မျက်နှာဖုံး တို့ကိုလိုက်ဖတ်အောင်ဝတ်ဆင်လိုက်သည့်နောက် နတ်သူငယ်မပါချောမောလှမသည်မှာအမှန် နဂိုရှိတော့နဂိုင်းထွက်သည်ဆိုသောစကားပုံလိုပင်။

EIFFEL Where stories live. Discover now