အိမ်ရာဝင်တော့ ညနေက အကိုအီသန်ရဲ့အပြုအမှုကခေါင်းထဲရောက်ရောက်လာတယ်။ကျွန်တော့်ပုခုံးပေါ်ရောက်လာတဲ့အကိုအီသန့်ရဲ့ ခေါင်းလုံးလုံးလေး၊လာဗန်ဒါရှန်ပူအနံ့၊ကြည်လင်နေတဲ့မျက်နှာလေး၊ အကိုနဲ့ပတ်သတ်သမျှက ပိုင်ဆိုင်ချင်စရာကောင်းလှသည်။
အလုပ်သမားနှင့်အလုပ်ရှင်ဆက်ဆံရေးလို့အမည်တက်နိုင်မဲ့သူတို့နှစ်ယောက်ကြား ဒီလို အပြုအမှုမျိုးကစိမ်းသက်သက်ဖြစ်ပြီးထူးစမ်းလှသည်။
➖
မနက်မိုးမလင်းသေးပေမဲ့ အခန်းထဲ၌ ဂလောက်ဂလက်နဲ့ဆူဆူညံညံအသံတစ်ချို့ကြောင့် အိပ်ရေးဆက်တဲ့ဂျောင်ဝန်းနိုးလာခဲ့သည်။သို့ပေမဲ့ အိပ်ရာပေါ်မှမထပဲ နံရံဘက်ကိုသာမျက်နှာသာပေးပြီးပြန်မှေးနေလိုက်သည်။ခနနအကြာတော့ အကိုအီသန်ကသူ့အနားရောက်လာသည်။
"ကောင်လေးအိပ်နေသေးတာပဲ"
*မွ*
ဂျောင်ဝန်း နှာဖူးပေါ်သို့ကျရောက်လာတဲ့ နှုတ်ခမ်းနွေးနွေးတစ်စုံ...။အကြာကြီးဖိကပ်ထားတာမျိုးမဟုတ်ပဲ ထိသည်ဆိုရုံတမယ်သာ...။နွေးခနဲဖြစ်သွားတဲ့ခံစားချက်နဲ့ ညရိပ်ရဲ့အအေးဓါတ်အနဲငယ်ကျန်နေတာကိုတောင်နွေးထွေးသွားစေတဲ့အထိပင်။ရင်ဘက်ထဲမှာ ပျော်ရွှင်မှု့အပြည့်သားနှင့်..။
သူချက်ချင်းကုတင်ပေါ်ကမထပဲ ဆက်ပြီးအိပ်ချင်ယောင်သာဆောင်နေလိုက်သည်။လူကမအိပ်နေသည်မို့ ကျောပေးထားသောလဲတိပ်ဆိတ်နေသည့် ပတ်ဝန်းကျင်ရဲ့အခြေအနေကြောင့်မို့ ခြေသံဖွဖွကအစ ကြားရသည်။ထိုခြေသံဖွဖွလေးကိုလဲသူမြတ်နိုးတယ်...။ခရီးဆောင်အိပ်တစ်ထုပ်ဆွဲသံလဲကြားရပြန်သည်။စိတ်အနဲငယ်ထစ်လာခဲ့ပေမဲ့ ဆက်ပြီးမေးနေဖို့သာ အဆင်ပြေသည့်အခြေအနေမို့နေရာမှမလုပ်မရပ်....။
ဂျက်*
တံခါးကို အသာအယာဖွဖွလေးဆွဲပိတ်သွားခဲ့ပေမဲ့ နားထဲမှာကျယ်နေသလိုပင်။ဆက်ပြီးအိပ်ချင်ယောင်ဖို့လဲ ရဖြစ်နိုင်၊နောက်ကနေလိုက်သွားဖို့လဲ မရတာမို့ ဗီရိုရှိရာကိုသာ အလျှင်မြန်ပြေးသွားခဲ့ပြီး ဗီရိုဖွင့်ကြည့်မိတော့ အီသန့်ရဲ့အဝတ်အစားအချို့သာကျန်နေခဲ့သည်။ သူစိတ်ပျက်လက်ပျက်ဖြင့် အရုပ်ကျိုးမပျက်ကျရုံတမယ် ကြမ်းပြင်ပေါ်သို့ ထိုင်ချမိတယ်။
YOU ARE READING
EIFFEL
FanfictionWe met some where in Paris.We made lots of memories but now we have to end in Paris.All the thing we did are meaningful and adorable. Start: nov 17 .21 End: Dec 13 22 Total plot:16 Cover drawing by @heeacequ [uni & Zawgyi]