ကြည်လင်သာယာသောနေ့ခင်းတစ်ခုဝယ်ဆန်းကြယ်ကမ္ဘာမှ 'ရုက္ခဝတီ'ပန်းဥယျာဉ်ကြီးသည်စည်ကားလျက်ရှိသည်။သူတို့ဆီတွင်မကြာမီ၌ပန်းနတ်ဘုရားမမှဦးစီးသောပန်းပေါင်းစုံပွဲတော်တစ်ခုရှိပေသည်။ထို့ကြောင့်ပန်းမန်နတ်သူငယ်များကလည်းပန်းမျိုးစေ့များကိုသယ်ယူကာဥယျာဉ်အတွင်းအလုပ်များလျက်ရှိ၏။
"ဦး...ကျွန်တော့်ကိုဘာလို့ဒီကိုခေါ်လာတာလဲ?"
နားမလည်နိုင်စွာသျှောင်းမေးမိသည်။
"ချာတိတ်အစားမစားတာဘယ်နှစ်ရက်ရှိနေပြီလဲ?ဒီမှာပန်းတွေအများကြီးပဲ။ချာတိတ်ကြိုက်သလောက်စား"
အလှူ့လက်ဖက်နှင့်မျက်နှာလုပ်သည်ဟူသောလူသားလောကမှစကားမှာ'စေ'ကိုအမှီပြု၍ပေါ်လာသလားဟုပင်မေးရလောက်၏။ပန်းနတ်ဘုရားမ၏ဥယျာဉ်ထဲဝင်လာပြီးသူပိုင်သလိုနှင့်ပန်းတွေကိုထိုးကျွေးနေသည်။
"ဦးကလည်းဗျာ..ဦးပိုင်တာလည်းမဟုတ်ဘဲနဲ့။သူများဟာတွေကို။"
"ချာတိတ်စားမယ်ဆိုကိုယ်သူ့ကိုသွားပြောပေးလို့ရပါတယ်။ကိုယ့်မှာဒင်္ဂါးတွေပါလာတယ်"
နောက်ပစ်ထားသောလက်သီးဆုပ်ကိုသူ့ရှေ့တွင်ဖြန့်ပြလာသည်။လက်ထဲတွင်တော့'ဆန်းကြယ်ကမ္ဘာ'တွင်ငွေကြေးအဖြစ်အသုံးပြုသောအရွယ်မတူသည့်ရောင်စုံသလင်းဒင်္ဂါးအဝိုင်းလေးများပင်ဖြစ်သည်။တစ်ရောင်တည်းမဟုတ်ဘဲသက်တန့်တစ်စင်းလိုအရောင်စုံလှသောကြောင့်ကြည့်ရတာတကယ်လှသည်။တန်ဖိုးလည်းသိပ်ကြီးသည်။
"အများကြီးပဲ။ဦး..ကျွန်တော်တကယ်ဗိုက်မဆာပါဘူး။အားလည်းအပြည့်ပဲ"
"ဟုတ်လို့လား"
မယုံသလိုမျက်မှောင်ကျုံ့၍မေးလာတော့သျှောင်းခါးထောက်ကာပြန်ဖြေသည်။
"ဟုတ်ပါတယ်ဆိုဗျာ။ဘာလဲ..ကျွန်တော့်ကိုမယုံတာလား။"
"အဲ့လိုမဟုတ်ပါဘူး။ကဲပါ..မစားဘူးဆိုလည်းပြီးတာပဲ...သွားကြရအောင်။ရောက်လက်စနဲ့ 'ရုက္ခဝတီ'ကိုလျှောက်ပတ်ကြည့်ရမယ်လေ"
"ဟုတ်"
အမျိုးစုံလှသောပန်းခင်းကြီးထဲမယ်ပျားပန်းခတ်မျှလှုပ်ရှားသွားလာနေကြသောနတ်သူငယ်များနှင့်လာရောက်လည်ပတ်သူများသည်ပန်းဥယျာဉ်ကြီးကိုပိုကာအသက်ဝင်စေသည်။
YOU ARE READING
မာယာခြယ်သောနှလုံးသား
Fantasiမာယာနဲ့ကစားတဲ့ပြိုင်ပွဲတစ်ခုမှာကြားဝင်မိတဲ့အဖြူရောင်မေတ္တာတရား... ပြိုင်ဆိုင်မှုကြားကနှလုံးသားတစ်စုံဟာမာယာတွေခြုံလွှမ်းခဲ့လေတော့... မာယာခြယ်တဲ့နှလုံးသားတစ်စုံဟာအချစ်မှသည်.... #BloodMoon-YeikHu