🖤သောက်ကျိုးနည်းဖူးစာ🖤
"ချန်းယောလ်လီလေးရယ်……ကိုကိုမှားသွားပါတယ်
နောက်ကိုအဲ့လိုမမေးတော့ပါဘူး
ကိုကို့ကိုခွင့်လွတ်ပါနော် စိတ်မဆိုးပါနဲ့နော်ကလေး"ဒါနဲ့ဆို ဂယောင်ဆူးလေး အခန်းရှေ့မှာ ရပ်ပြီးပြောနေတာ 612ခါရှိပြီဖြစ်သည်။
အထဲကချန်းယောလ်လီကတော့ ဘာမှမတုန့်ပြန်။
တံခါးလော့ချထားသည်မို့ ဝင်လို့လဲမရ။နူနားကလဲ အဲ့ဒါလေးပဲ သင်ပေးလိုက်တော့
ဘာဆက်ပြောရမှန်းမသိ။
ဗြဲ……ဒီတခါတော့ ငယ်ငယ်ကရည်းစားမထားခဲ့တာကို နောင်တရသည်။
ဂယောင်ဆူးသာ ရည်းစားထားဖူးရင် ဘယ်လိုချော့ရတယ်ဆိုတာလဲသိမှာ။
အခုတော့ ဘာမှမချော့တက်တဲ့အဖြစ်။နေ့လည်တောင်ရောက်နေပြီ ချန်းယောလ်လီထမင်းစားဖို့လဲဆင်းမလာ။
ဂယောင်ဆူးလဲ ချော့ရတာနဲ့ဗိုက်ဆာနေပြီ။
ဗိုက်ဆာတာကတားမရတော့ တစ်ယောက်ထဲ
ငေါင်ငေါင်နဲ့ ထမင်းစားခန်းဝင်လာခဲ့သည်။"အကိုလေး နေ့လည်စာစားတော့မလို့လား"
"ဟင်း……မစားချင်ပေမဲ့ ဗိုက်ကဆာနေတော့
စားရအုံးမှာပဲ နူနားရယ်""ချန်းလေးကိုချော့တာအဆင်မပြေလို့လား"
"ဘယ်လိုလုပ်ပြေမှာလဲ နူနားသင်ပေးတာက
တစ်ကြောင်းထဲလေ""အမ်……အကိုလေးကလဲ ကြည့်ကျက်ရွှီးလေ"
"ကျနော်မှမရွှီးတက်တာ နူနားထပ်သင်ပေးအုံး"
"အယ် နူနားကရည်းစားမှမရှိတာ
ဘယ်လိုသင်ပေးရမလဲ""ဟင်း…နူနားကလဲ FAအကြီးစားပဲ"
အကိုလေးရယ် မသိရင် သူကတော့ ရည်းစားတွေ အများကြီးထားဖူးတာကျလို့။
ဖွင့်တော့မပြောပါဘူး။ တော်ကြာ သူကြီးအမှုရွာပတ်နေရင်ဒုက္ခ။
သူ့ဟာလေးချာ့မရတာနဲ့ နူနားက အော်ခံရအုံးမယ်။"သူများတွေတော့ ချစ်တက်ရင် စကားတွေတက်လာတယ်တဲ့ အကိုလေးရော အဲ့လိုမတက်ဘူးလား"
"ဘယ်ကလာနူနား
ချစ်တက်လာမှ လူကသောက်အ, ကြီးကိုဖြစ်လို့
ဘာပြောရမှန်းကိုမသိဘူး"
YOU ARE READING
သောက်ကျိုးနည်းဖူးစာ/ေသာက္က်ိဳးနည္းဖူးစာ(Completed)
FanfictionKo Ko is Chanyeollie's Mine(14/12/2021)