Part 3

576 74 54
                                    

❣️သောက်ကျိုးနည်းဖူးစာ❣️

မနက်လေးနာရီကတည်းက ဝီရိယကောင်းစွာ
မျက်နှာသစ်ကာ အထုတ်အပိုးအသင့်ဖြင့် အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်နေသူ ပတ်ချန်းယောလ်လေး။

ယနေ့မှ အရမ်းတွေ လုံ့လကောင်းနေခြင်းပါ။
အကြောင်းသော်ကား ယနေ့မွေးသဖခင်မှ
ချန်းယောလ်လေးကို ကိုကို့အိမ်လိုက်ပို့ပေးမည်ဖြစ်သည်။

ယောကျာ်းသိပ်မလိုချင်ရှာသော ချန်းယောလ်ီပါနော်။
အိမ်ကဖွားဖွားတို့ရဲ့ သောက်ကျိုးနည်း ကတိကြီးကြောင့် လက်ခံလိုက်တာပါနော်။
ချန်းယောလ်လီက ကိုကို့ကိုလိုချင်လို့မဟုတ်ပါဘူးနော်။

ကံကောင်းလွန်းသော ချန်းယောလ်လီက အိမ်ကသဘောတူတဲ့သူနဲ့ ချစ်ရတဲ့သူ တစ်ယောက်ထဲဖြစ်သွားတာကတော့ ကျေးဇူးရှင်မြှားပစ်ကျွမ်းသူကြီးကြောင့်ဆိုရမည်။

"ဟဲ့ …… မြေးငယ်
ဘယ်လိုဖြစ်ပြီး ဧည့်ခန်းမှာလာအိပ်နေတာလဲ"

"အင့် ……… ကိုကိုရာ ယောလ်မထချင်သေးဘူး"

သိပ်အရူး မထသောမြေးပါပဲ။
အဖွားဖြစ်သူနှိုးတာတောင် ကိုကိုယောင်နေသေးသည်။
ခက်တယ်!ခက်တယ်!ဒီပုံအတိုင်းသာဆို မြေးဂယောင်ဆူးလက်စာမိပြီး ဒီကောင်လေး အိမ်ပြန်ပြေးလာမှာ မြင်ယောင်သေးတယ်။

"မြေးငယ် ထ ……ထ…… ဘယ်နဲ့
စောစောစီးစီး ဧည့်ခန်းထဲရောက်နေရတယ်လို့"
တခါမှ မထတဲ့သူက အဝတ်စားတွေလဲထားလို့
တရေးနိုးယောင်ထလာတာလားကွယ်"

"အား ……ဘာလို့ဆူနေတာလဲ ဖွားဖွားရယ်
ယောလ်ကျောင်းမသွားဘူး"

"အေးအေး မထနဲ့ မနက်စာမစားတော့ဘူးလား
မင်းပါးပါးက အလုပ်သွားရင်း ဂယောင်ဆူးအိမ်ကို ဝင်ပို့မလို့တဲ့"

"ကိုကို့အိမ်……ထပြီ ထပြီ"

အစင်းသုံးကြောင်းဘောင်းဘီကြီးနှင့် ဆိုဖာပေါ်ကကုန်းထရင်း ပြုတ်ကျသွားသည်က ဝုန်းခနဲ။
ကပျက်ကချော်နိုင်မှုကတော့ ဖင်ပြားလေးခါကာ ထမင်းစားခန်းဝင်သွားလေသည်။

"ပါးပါး မြန်မြန်စားပါ
ယောလ် ကိုကို့အိမ်သွားချင်နေပြီ"

သောက်ကျိုးနည်းဖူးစာ/ေသာက္က်ိဳးနည္းဖူးစာ(Completed)Onde histórias criam vida. Descubra agora