🧡သောက်ကျိုးနည်းဖူးစာ🧡
စာမေးပွဲဖြေချိန်ပြည့်သည်နှင့် အခန်းက ထွက်လာခဲ့သည်။
ယောင်လည်လည်လုပ်ရင်းအဆောင်တွေ
တစ်ခုပြီးတစ်ခု သွားကာကိုကို့ကိုရှာကြည့်မိသေးသည်။
မတွေ့တဲ့အဆုံးကျောင်းရှေ့ကိုပဲထွက်လာခဲ့သည်။"ချန်းယောလ်လီ"
"hyung မပြန်သေးဘူးလား"
"အင်း ကလေးလေးပြီးတဲ့အထိစောင့်နေတာ
ဖြေနိုင်ခဲ့လား""ဟုတ် ဖြေနိုင်တယ် ချန်းကျက်တာတွေအကုန်ပါတယ်"
"ဗိုက်ဆာနေရောပေါ့ ကိုယ်နဲ့မုန့်သွားစားရအောင်"
"အာ…ချန်းပိုက်ဆံမပါဘူးhyung
ကိုကိုလဲမလာသေးလို့
နောက်ရက်မှဝယ်ကျွေးပါရစေ""ကလေးရယ် ကိုယ်က ကလေးကို
ဝယ်ကျွေးခိုင်းမှာမဟုတ်ပါဘူး
ကိုယ်ပဲဝယ်ကျွေးမှာ……
ကလေး ကိုကိုလဲမလာလောက်သေးပါဘူး""ဒါပေမဲ့ hyungတူမကိုလာကြိုတာမဟုတ်လား
တော်ကြာ သူနဲ့လွဲသွားလိမ့်မယ်""သူကသူ့မိဘတွေလာခေါ်မှာ
ကိုယ်က ကလေးနဲ့တွေ့ချင်လို့
အလုပ်ကနေပြန်လာတာ""အာ……အားနာစရာကြီး
ချန်းကြောင့် အလုပ်ပိုသွားရပြီ""ကဲ……ချန်းယောလ်ရှိ
အားနာတယ်ဆိုရင် မုန့်လိုက်စား
ဟုတ်ပြီလား""ခဏပဲနော်hyung
ကိုကိုထွက်လာရင် ချန်းနဲ့မတွေ့မှာစိုးလို့""အင်း…ခဏပဲ"
ိကိုကို့ကိုစောင့်နေရမှာအတူတူမို့
ဆယ်ဟွန်းhyungမုန့်စားခေါ်တာကိုလိုက်လာခဲ့သည်။
သိပ်အဝေးကြီးတော့မဟုတ်။ ကျောင်းနားတွင်သာဖြစ်သည်။"ချန်းယောလ်လီ မုန့်ကစားလို့ကောင်းရဲ့လား"
"ဟုတ် ကောင်းတယ်
ချန်းစားနေကျမုန့်""အင်းပါ……နောက်နေ့တွေရော
ကိုယ်ကျောင်းကိုလာခဲ့လို့ရလား""ချန်းစီကိုလား"
"အင်းပေါ့"
"hyungကဘာလို့လာမှာလဲဟင်"
"ဘာလို့လဲဆိုတော့………
ကလေးလေး ကျောင်းထဲမဝင်ခင်
တစ်ယောက်ထဲဖြစ်နေမှာစိုးလို့လေ
ပြီးတော့ အခုလိုဖြေပြီးထွက်လာရင်လဲ
ကလေး ကိုကိုဆိုတဲ့လူကို အကြာကြီးစောင့်နေရမှာစိုးလို့ ကိုယ်လာတော့ ကလေးအတွက်အဖော်ရတာပေါ့ ဘယ်လိုလဲ လာခဲ့ရမလား"
YOU ARE READING
သောက်ကျိုးနည်းဖူးစာ/ေသာက္က်ိဳးနည္းဖူးစာ(Completed)
FanfictionKo Ko is Chanyeollie's Mine(14/12/2021)