💛သောက်ကျိုးနည်းဖူးစာ💛
"ယောလ်……ခဏနားပြီးမှရေချိုးနော်"
"ဟုတ် ကိုကို"
အဖွားဝယ်ပေးသော အကျီ င်္လေးယူကာ
ချန်းယောလ်အပေါ်ထပ်စီတက်ခဲ့သည်။
ခုတင်ပေါ် ခြေပစ်လက်ပစ် လှဲချရင်း
လည်ပင်းစီလက်ရောက်သွားတော့~~"ဆွဲကြိုး"
ချန်းယောလ်အိပ်ယာကအမြန်ထကာ လှေကားစီပြေးဆင်းခဲ့ရပြန်သည်။
မသိမ်းရသေးတဲ့ အဖွားအထုတ်တွေထဲမွှေနှောက်ကာရှာရသည်။"မြေးငယ် ဘာဖြစ်လို့လဲ
အလောတကြီးနဲ့""အဖွား သား ဆွဲကြိုးလေးပျောက်သွားလို့
အထုတ်တွေထဲများညှပ်ပါမလားလို့ ရှာတာ""သေချာရှာပါအုံးမြေးငယ်ရယ်
မြေးကြီး ရှာပေးလိုက်စမ်းပါအုံးကွယ်""ကျကျန်နေတာသေချာရဲ့လားယောလ်
အခုမှသတိထားမိတာလား""ဟုတ်တယ်ကိုကို
မရှိတော့ဘူး ဘယ်မှာကျန်ခဲ့မှန်းလဲမသိဘူး""ကားပါကင်မှာများကျခဲ့မလားမသိဘူး"
"ကိုကိုနဲ့ဈေးဝယ်ပြီး ယောလ်အောက်ဆင်းတော့
လူတစ်ယောက်နဲ့တိုက်မိသေးတယ်
လှေကားထိပ်နားမှာ အဲ့မှာများကျခဲ့လားမသိဘူး""နမော်နမဲ့နဲ့ယောလ်ရာ……
ပြန်ရှာလို့လဲ တွေ့တော့မယ်မထင်ဘူး""ယောလ်မနှမြောပေမဲ့
မားပေးထားတာလေးမို့ပါ""စိတ်မကောင်းမဖြစ်ပါနဲ့မြေးငယ်ရယ်
အဖွားပြန်ဝယ်ပေးပါ့မယ်""နေပါစေအဖွား
သားနဲ့မထိုက်လို့မရတာပဲ
ထားလိုက်ပါ……သားအပေါ်ပြန်တက်တော့မယ်""အေးအေး"
"ယောလ် ခဏနေအုံး ကိုကိုရောလိုက်မယ်"
"ဟုတ်"
ကိုကို့နောက်ကနေချန်းယောလ်ငြိမ်ပြီးလိုက်ခဲ့သည်။
ပျောက်သွားတဲ့ ဆွဲကြိုးကို ချန်းယောလ်နှမြောလို့မဟုတ်ပေမဲ့
ကိုကို့အမြင်မှာ ချန်းယောလ်က ကိုယ်ပစ္စည်းကို တန်ဖိုးမထားတဲ့သူဟု မထင်စေချင်တာကြောင့်
တမင်စိတ်မကောင်းဖြစ်ပြမိခြင်း။
လိမ်ချင်လို့မဟုတ်ပေမဲ့ ကိုကို့ကိုချစ်တာကြောင့်
လိမ်ညာမိခြင်းသာ။
![](https://img.wattpad.com/cover/294735386-288-k466042.jpg)