Part 1

2K 119 103
                                    

❣️သောက်ကျိုးနည်းဖူးစာ❣️

စီးပွားရေးကို ဦးစားပေးလွန်းသည့် မိဘများနှင့်
မနေချင်သောကြောင့်  အဖွားနှင့်လာနေသော ကျနော်။

အော်……ကိုယ့်ကိုကိုယ်အရင်မိတ်ဆက်မယ်။
အဟမ်း…ကျနော့် နာမည်ကတော့~~

"ကတုံးရေ…ဒိုကတုံး"

ဒိုကတုံးလို့ခေါ်ပါတယ်။

ဟမ်။

"ဒီသောက်တရုတ်ဂျပု"

အဲ့ဂျပုနာမည်က ရှောင်လုဟန်။
တရုတ်က မောင်ငထွားလေ။
ကြားတဲ့အတိုင်းပဲ လူကိုနာမည်ဖျက်ဖို့ပဲသိတယ်ဂျပု။

"ရား……ကတုံး"

"သေမလို့ခေါ်နေတာလား မင်းဘိုးက အခန်းထဲမှာဝင်ခဲ့"

"နေအုံး ဒီမှာငါမုန့်စားပြီးမှ ဝင်လာခဲ့မယ်"

သောက်အငတ်အပြတ်။
တရုတ်မှာ ကုန်ဈေးနှုန်းကြီးလို့ ဂျပုကဝအောင်စားခဲ့ဟန်ရမတူဘူး။
ထားတော့ တရုတ်ပုအကြောင်းပြောနေရင်ပြီးမှာမဟုတ်ဘူး။

နာမည်ကိုသေချာမိတ်ဆက်ပါ့မယ်။
ကျနော်က  ဒိုဂယောင်ဆူး။
နာမည်ကခန့်တယ်မို့လား။
နာမည်လိုပဲ လူကလဲအရမ်းလန်းပါတယ်။
အခုခေတ် ပေါက်စလေးတွေ သုံးနေတဲ့စကားနဲ့ပြောရင် ကျနော်ကလဲ စောက်ချောကြီးစစ်စစ်ပါ။
ရေမရောဘူး။

လူတိုင်းကတော့ ကျနော့်နာမည်က လူငယ်ဆန်ပြီးချစ်စရာကောင်းတယ်တဲ့။
ကျနော်အမုန်းဆုံးက ကျနော့်ကိုချစ်စရာကောင်းတယ်ပြောတာကိုပါပဲ။

တကယ်ဆို ကျနော့်လိုလူကို ခန့်ညားတယ်လို့သုံးသင့်တယ်မဟုတ်လား။
ချစ်စရာကောင်းရအောင် ကျနော်က ကလေးလဲမဟုတ်သလို မိန်းကလေးလဲမဟုတ်ဘူး။

ကျနော့်လို အရမ်းကိုတည်ကြည်ခန့်ညား
ကမ္ဘာတစ်လွှားမှာ ရှာမှရှားတဲ့ရုပ်မျိုးကို
သေချာကြည့်ပြီးမှ ဝေဖန်ကြပါ။
Please ယောရောဘွန်း။

အင်း……ကျနော်မိဘတွေနဲ့မနေချင်တဲ့ အကြောင်းကို သိချင်ကြမလား။
ကျနော့်ဘဝကိုပြောပြမယ်…ရယ်သံတွေခဏရပ်ပေးပါအုံး။

"ဟား……ဟား……ဒိုဂယောင်ဆူး
မင်းဘာလုပ်နေတာလဲ"

အာပြဲနှင့်မျက်လုံးပိတ်အောင် အော်ရယ်နေသောရှောင်လုဟန်ကို ဂယောင်ဆူးစိုက်ကြည့်ပေးလိုက်သည်။

သောက်ကျိုးနည်းဖူးစာ/ေသာက္က်ိဳးနည္းဖူးစာ(Completed)Tempat cerita menjadi hidup. Temukan sekarang