Moonchild အမည်ရှိသော Cafe ဆိုင်လေး ။
တစ်ဆိုင်လုံးကို အစိမ်းယောင်ဖျော့ဖျော့နှင့်အဖြူရောင်ရော၍ သုတ်ထားပြီး ဆိုင်အပြင်ဘတ်တွင် စိမ်းစိမ်းစိုစိုပန်းပင်လေးတွေများစွာဖြင့်အလှဆင်ထားသောကြောင့် မြင်ရတာနှင့်စိတ်ကိုအေးချမ်းသွားစေသည်။
ဆိုင်အဝင်ပေါက်တံခါးတွင် ခေါင်းလောင်းသေးသေးလေးများနှင့်ဆည်းလည်းလေးများစွာ ချိတ်ဆွဲထားသောကြောင့် လေတိုက်တိုင်း ထွက်ပေါ်လာသော တချွင်ချွင်သံလေးများ။
ဆိုင်ထဲရှိ စားပွဲဝိုင်းတွေကို အစိမ်းနုရောင်လေးများသာသုံးထားပြီး အစွန်ဘက်နံရံတွင်တော့ ဧည့်သည်များ အပျင်းပြေစာဖတ်ရန် စာအုပ်စင်တစ်ခုလဲပြုလုပ်ထားသေးသည်။
အေးချမ်းသော Hyung က သူ့ဆိုင်ကိုလဲ သူ့ type ဖြစ်အောင်သေချာပြင်ဆင်ထားသောပုံကြောင့် Jimin သဘောတကျပြုံးလိုက်မိ၏ ။
"Jimin ဘယ်လိုလဲ သဘောကျလား "
ပါးချိုင့်နက်နက်တွေပေါ်အောင်ပြုံးပြီးမေးလာသော Hyung ။
"သဘောကျတယ် Hyung စိတ်ညစ်နေတဲ့အချိန်လာရင် တကယ်ကွက်တိဘဲ အေးချမ်းနေရော ဆိုင်လေးက "
"ဟုတ်တယ် Hyung လဲအဲ့တာကိုဦးစားပေးပြီးလုပ်ထားတာ ဧည့်သည်တွေကို စိတ်အပန်းဖြေစေချင်လို့"
" အတွေးလေးကောင်းတယ် "
"Jimin ထိုင်ဦး Hyung တစ်ခုခုသွားဖျော်ပေးမယ် "
Apron နှင့် Hyung ကပြောလဲ ပြောရင်းKitchen ထဲသို့ဝင်သွားတာကြောင့် Jiminလဲပြတင်းပေါက်နှင့်နီးသော စားပွဲတွင် ဝင်ထိုင်ပြီး အပြင်လောက ကိုငေးနေမိသည်။
ကားလမ်းဘေးတွေပြုလုပ်ထားသောဆိုင်လေးဖြစ်သောကြောင့် အပြင်ကိုကြည့်လိုက်တာနှင့် တဝှီဝှီသွားနေကြသောကားများ အပြင် ကားလမ်းကူးရန်စောင့်ဆိုင်းနေကြသောလူများ နှင့် Bus car စောင့်နေကြသောလူများကအများအပြား ။
လူရှုပ်သောရပ်ဝန်းတွေကိုမုန်းတာကြောင့် ဆက်ကြည့်ချင်စိတ်မရှိ၍ ပြတင်းပေါက်ကိုပိတ်ရန်ပြင်လိုက်တော့ မြင်ကွင်းထဲဝင်လာသည်က ရှပ်အကျီလက်ရှည်ကွက်လေး ။