5 (uni)

1.1K 97 19
                                    

"Jungkook ရေ ဆိုင်ရှေ့မှာ မင်းကိုလာကြိုတဲ့ကားရောက်နေပြီဟေ့ "

ဆိုင်မန်နေဂျာရဲ့စကားကြောင့် Jungkook အပြင်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ အဆင်သင့်ရပ်ထားသော Hyung၏ ကားအဖြူလေး။

အခုဆို ဘွားရက်လည်ပြီးတာ နှစ်ပတ်ကျော်လောက်ရှိပြီဖြစ်သည်။ ဘွားရက်လည်ပြီးထဲက Jimin Hyung ကတစ်ခါတစ်လေ Jungkook နေရာတိုက်ခန်းကျဥ်းလေးထဲ အလည်လာတတ်ပြီး နေ့လည်စာ ညစာလဲမရိုးရအောင်ယူလာတတ်သေးသည်။ သူDutyအားတဲ့ရက်တွေဆိုရင်တော့ Jungkook အလုပ်ထိပါလာကြိုတာမျိုးလုပ်တတ်သေး၏။

24နာရီစားသောက်ဆိုင်ဖြစ်တာကြောင့် ညပိုင်းJungkook နေရာ အစားဝင်မည့်ဝန်းထမ်း​လေး​ရောက်လာတာနှင့် Apron ကို ချွတ်ကာ အလုပ်ဆင်းရန်ပြင်လိုက်တော့သည်။

" Hyung ကျွန်တော်သွားပြီနော် "

မန်နေဂျာဖြစ်သော Jakson Hyung ကို နှုတ်ဆက်ပြီးတာနှင့် Jimin Hyung ၏ ကားအဖြူလေးရပ်ထားရာနေရာသို့ဦးတည်လိုက်သည်။

Lock မချထားသော ကားတံခါးကိုဖွင့်ပြီး ဝင်ထိုင်ရန်ပြင်တော့ Driver ခုံတွင်ထိုင်နေသော Hyung က မျက်လုံးလေးတွေပိတ်ကာ အိပ်ပျော်နေခြင်းလား မှိန်းနေခြင်းလားမသိ။ Jungkook ဝင်လာတာကိုတောင်မသိဘူးဆိုတော့ အိပ်ပျော်နေတာဘဲ ဖြစ်လောက်မည်။ ရေးမချိုးရသေးပုံပေါက်ကာ Aircon ဖွင့်ထားသော ကားထဲမှာတောင် နဖူးပြေပြေလေး​၌ ချွေးစလေးတွေထွက်နေသော Hyung က အိမ်မပြန်ရသေးဘဲ Duty ပြီးပြီးခြင်း Jungkook ကိုလာခေါ်သည့်ပုံ။ ဘယ်လောက်တောင် ပင်ပန်းနေလို့ ကားထဲမှာတောင်အိပ်ပျော်သွားလဲမသိ။ အသက်ရှူသံမှန်မှန်နှင့်အိပ်ပျော်နေသော Hyung ကို Jungkook လဲမနှိုးရက်တာကြောင့် နိုးလာသည်အထိသာ စောင့်နေလိုက်သည်။ ပင်ပန်းနေသူနားပါစေ...

မိနစ်နှစ်ဆယ်လောက်ကြာတော့ အိပ်ပျော်နေသူက မျက်ခွံလေးတွေလှုပ်ကာ လှုပ်လှုပ်ရွရွနှင့်နိုးလာသည် ။ အပျင်းကြောဆန့်ကာ သန်းနေပုံက သုံးနှစ်သားလေး အိပ်ယာက နိုးလာသလို စူပုတ်ပုတ်လေး ဖြစ်နေသောကြောင့် Jungkook ခိုးရယ်လိုက်မိ၏။

"ခိ"

ထိန်းနေသည့်ကြားက ထွက်သွားသောရယ်သံကြောင့် Hyung ကာ သူ့ကိုလှည့်ကြည့်လာသည်။ မျက်လုံးလေးတွေဝိုင်းသွားပုံက ခုမှ သူရှိနေတာကို သတိထားမိသည့်ပုံ။

" JEON "Where stories live. Discover now