1 (uni)

1.6K 110 2
                                    


" တုံတင်နံပါတ် 48 ဝင်လို့ရပါပြီရှင် "

သူနာပြုဆရာမလေး၏ သတိပေးသံကြောင့် အခန်းထဲဝင်ရန် သူအဘွားကို တွဲထူလိုက်သည်။

" ဘွား ထသားတို့အလှည့်ရောက်ပြီ "

ထိုင်ရာမှ ဖြည်းဖြည်း​​​​ခြင်းထကာ သူ့လက်မောင်းတစ်ဖက်ကို အားပြုရင်း တစ်လှမ်းခြင်းလျှောက်နေသောအဘွားကို သူမငြိုငြင်နိုင် ။
ငယ်ငယ်ထဲက မိဘတွေမရှိတော့သောသူ့ကို
ထမင်းလိပ်ဆိုင်လေးဖွင့်ရင်း ဘွားကသာပြုစု ပျိုးထောင်ပေးခဲ့ရသည်။ အခုဘွားအသက်ကြီးလာတော့ သူကတစ်လှည့်ပြန်လည်ပြုစုရမည်မဟုတ်လား ။

--------

ခေတ်မှီဆေးရုံဖြစ်တာကြောင့် ရွာကဆေးရုံတွေနဲ့မတူစွာ
ကွဲပြားနေသောအခန်းတံခါးကို ဘယ်လိုဖွင့်ရမလဲသူမသိ၍ ပင်ကိုယ်မျက်လုံးဝိုင်းကြီးတွေနှင့်သာ ရပ်ပြီးစူးစမ်းကြည့်နေမိသည် ။ သူ့ကိုနားလည်ဟန်တူသော သူနာပြုမလေးက မှန်တံခါးကို တစ်ဖက်သို့ဆွဲ၍ ဖွင့်ပေးလိုက်သောကြောင့် သူရှက်ပြုံးလေးပြုံးကာ ဂုတ်ကို လက်ဖြင့်ပွတ်လိုက်မိလျက်

" ကျေး..ကျေးဇူးပါနော် ကျွန်တော်မဖွင့်တတ်လို့ "

သူ့ကျေးဇူးတင်စကားကို ဆရာမလေးက အေးချမ်းသောအပြုံးလေးဖြင့် ခေါင်းလေးငြှိမ့်ကာ အသိအမှတ်ပြုလာသည် ။ ရွာဆေးရုံက nurse မကြီးတွေလိုအပေါက်မဆိုး.. ။

သူအခန်းထဲရောက်တော့ ကုလားထိုင်ပေါ်တွင် ဆရာဝန်ဖြစ်ဟန်တူသည့် ဂျူတီကုတ်အ​ဖြူရောင် နှင့်လူငယ်လေးတစ်ယောက်ကထိုင်နေသည် ။ အသားအရေကကြည်လင်နေပြီး ဆံပင်အုပ်အုပ်တွေကနှဖူးပေါ်ဝဲကျကာ ရုပ်ရှင်ကားတွေထဲက မင်းသားကောင်လေးတွေလို ။ စားပွဲပေါ်တင်ထားသော လက်ချောင်းလေးတွေကခပ်သေးသေးလေးတွေဖြစ်နေပြီး လက်သည်းထိပ်လေးတွေကိုညှပ်ထားတာက ညီညီညာညာသပ်သပ်ရပ်ရပ်လေး ။ ဒီဆရာဝန်ကိုဆေးရုံမှာမဟုတ်ဘဲ တခြားတစ်နေရာရာမှာသာတွေလျှင် သူ့ထက်ငယ်သည့် အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်ဟုသာ ထင်မိမှာအမှန်။

သူတို့ဝင်လာတာကိုသတိထားမိဟန်မတူသောဆရာဝန်က စားပွဲပေါ်လက်တစ်ဖက်တင်၍ ကျန်လက်တစ်ဖက်ကလဲ စာအုပ်အထူကြီးတစ်အုပ်ကိုကိုင်ကာ စိတ်ဝင်တစားဖက်နေသည် ။ တစ်စုံတစ်ရာကိုအလိုမကျသလိုမျက်ခုံးတန်းနှစ်ခုက တွန့်ချိုးနေသောကြောင့် အနည်းဆူနေသောနှုတ်ခမ်းနှင့် ဆရာဝန်ကို သူဘက်ကသာစတင်အသံပေးလိုက်သည်။

" JEON "Where stories live. Discover now