3 (uni)

671 93 13
                                    

"Hyung"

Namjoon Hyung ၏ကော်ဖီဆိုင်လေးတွေင် Jimin မနက်စာစားနေတုန်း နောက်ပါးဆီကခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ တစ်မိုးအောက် နှစ်ယောက်မရှိသော Jeon Jungkook။
မူပိုင်ရှပ်အကျီအကွက်လက်ရှည်နှင့်ကောင်လေးက သူတစ်ယောက်ထဲတော့မဟုတ် ဘေးတွင်ဆံပင်ရွှေအိုရောင်နှင့် ကောင်မလေးတစ်ယောက်လက်ကိုဆွဲထားသေးသည်။

"Jeon မနက်စာလာစားတာလား "

"အာ Hyung ကလဲ ကျွန်တော့်ပုံစံက ဒီလိုဆိုင်မျိုးမှာ မနက်စာစားနိုင်မဲ့ပုံမျိုးလား အလုပ်လာလျှောက်တာပါဗျာ"

"ဟင် အလုပ်လျှောက်မလို့လား မင်းပထမအလုပ်ကပြုတ်သွားလို့လား လာ ထိုင်ပါဦး"

ဆိုင်ထဲမှာလဲ လူကအတော်အသင့်ရှိနေသောကြောင့်
မိုးတိုးမတ်တပ်နှင့် နှစ်ယောက်ကို Jimin သူ့ရှေ့ကခုံတွင်ဝင်ထိုင်ရန်ညွှန်ပြလိုက်ရသည်။

"အလုပ်ကမပြုတ်ပါဘူး Hyung ကျွန်တော် ဆွန်းနီအတွက်လာလျှောက်ပေးတာပါ ပထမလုပ်တဲ့ဆိုင်က အရမ်းပင်ပန်းလို့ ဒီလိုဆိုင်လေးတွေကျ သူ့အတွက်အဆင်ပြေမယ်ထင်လို့ "

jungkook သုံးနှုန်းလိုက်သော ဆွန်းနီဆိုတာ ရွှေအိုရောင်မလေးဖြစ်ပုံပေါ်သော်လည်း သူတို့နှစ်ယောက်ပတ်သတ်မှုကိုသိချင်သဖြင့် Jimin ထုတ်မေးလိုက်မိ၏

"ဆွန်းနီဆိုတာ ဒီကညီမလား "

"အာ ဟုတ်သား Hyung ကို မိတ်ဆက်ပေးရဦးမယ် ဒါကျွန်တော့်ကောင်မလေး ဆွန်းနီလေ ဆွန်းနီဒါက ဖွားကိုကုပေးတဲ့ဒေါက်တာ Park Jimin တဲ့ "

" တွေ့ရတာဝမ်းသာပါတယ်ဒေါက်တာ ဖွားကိုစောင့်ရှောက်ပေးပါဦး"

တစ်ဖက်မှ ပြောလာသောကောင်မလေးစကားကြောင့် Jimin အသိမှတ်ပြုသလိုသာပြုံးပြလိုက်မိ၏ ။ ဒီကောင်မလေးကို Jimin တစ်နေရာရာတွင်ရင်းရင်းနှီးနှီးတော့မြင်ဖူးသည် ဒါပေမဲ့ ဘယ်မှာလဲဆိုတာ စဥ်းစား၍ မရ။သူ့ဆီလာပြဖူးတဲ့လူနာတစ်ယောက်ယောက်များလားဟု တွေးကြည့်သော်လည်း ဒီကောင်မလေးက သူ့ကိုလုံးဝသိသည့်ပုံမပေါ် သူဘဲလူမှားတာများလား။

"ဒီဆိုင်က ကိုယ့်အသိဆိုင်လေ Jeon အကူအညီလိုရင်
ကိုယ် သူ့ကိုအလုပ်ခန့်ဖို့ Hyung ကိုပြောကြည့်ပေးမယ်"

" JEON "Where stories live. Discover now