4(uni)

709 98 9
                                    

ဒီအချိန်ဆိုပုံမှန်မြည်နေကြ ဖုန်းသံလေးက တိတ်ဆိတ်နေတာ တစ်ပတ်ကျော်လောက်ရှိပြီဖြစ်သောကြောင့် Jimin စိတ်ထဲထင့်နေမိသည်။

"အရင်ကဆို အမြဲဖုန်းခေါ်နေကြပါ ဒီနေ့မှဘာလို့လဲမသိဘူး "

အလိုမကျခြင်းများစွာဖြင့် တစ်ယောက်ထဲ တိုးတိတ်စွာရေရွတ်ရင်း "သူလဲ သူ့အကြောင်းနဲ့သူရှိလို့နေမှာပေါ့ "ဟုဘဲ ဖြည့်တွေးကာ လက်ထဲက ဆေးစာအုပ်ကို အာရုံ စိုက်ဖတ်နေလိုက်၏။

ငယ်ငယ်ထဲက သူစိမ်း​တွေနှင့်ပတ်သတ်ပြီး အရမ်းခင်တွယ်တတ်တဲ့သူမဟုတ်တာကြောင့် သူ့မှာ Tae Hyung ကလွဲပြီး တခြား အပေါင်းအသင်းရယ်လို့မရှိ။

ဒါပေမဲ့ ဒီကောင်လေးကိုတော့သူ့ညီလေးတစ်ယောက်လိုစိတ်ရင်းနဲ့ ခင်မိသည်။လူကောင်ကြီးပေမဲ့ တစ်ချက်တစ်ချက်ကလေးဆန်တတ်သောကောင်လေးက ချစ်စရာတော့ကောင်း၏။ ငယ်ငယ်ရွယ်ရွယ်နှင့် အချိန်ပိုင်းအလုပ်လုပ်ပြီးအဖွားကို ရှာကျွေးနေရသောကြောင့် ဂရုဏာပိုမိခြင်းလဲ ပါသည်။ တကယ်ဆို ဒီအရွယ်လေးတွေက သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပါးနေရမည့်အရွယ်လေးမဟုတ်လား ။

ဒေါက် ဒေါက် ဒေါက်

Jeon အကြောင်းတွေးနေမိတုန်း အခန်းတံခါးခေါက်သံကြောင့် Jimin ထ ဖွင့်ပေးလိုက် တော့ ဝင်လာသည်က မာမီ။

ပုံမှန်ထက် တည်တင်းနေသော မာမီ့မျက်နှာထားကြောင့် Jimin လန့်နေမိတာတော့အမှန်ပင်။
မာမီက သားသမီးတွေနဲ့ပတ်သတ်ပြီး ပုံမှန်ဆို ဆူတတ်ပြောတတ်တဲ့ မိဘမျိုးမဟုတ်ပေမဲ့ မာမီ မကြိုက်တာတစ်ခုခုလုပ်မိလို့ ဆူပြီးဆိုရင်လဲ Hyung ရော Jimin ရော တုန်နေအောင်ကြောက်ရသည်။

" ဒီချိန်ကြီး ဘာဖြစ်လို့လဲမာမီ မအိပ်သေးဘူးလား "

"သားကို မာမီမေးစရာရှိလို့ "

"ဟုတ်"

"သား ဟိုကောင်လေးနဲ့ ပြန်တည့်နေကြတာလား "

Jimin မျက်လုံးကိုတည့်တည့်ကြည့်ပြီး အေးစက်စွာမေးလာသောမာမီ့ပုံစံကြောင့် Jimin ဂျောင်ပိတ်နေမိသည် ။ ငယ်ငယ်ထဲက မလိမ်တတ်သော Jimin အတွက် ဒီမေးခွန်းက အခက်တွေ့စေတာတော့အမှန်။ Tae Hyung ကို လုံးဝသဘောမကျသောမာမီက Jimin
Tae Hyung နဲ့ ပြန်ခေါ်ခြင်းကိုသာသိလျှင် ဘယ်လောက်တောင် ဒေါသထွက်မလဲမသိပါ။ သို့ပေမဲ့လည်း Jimin မလိမ်ချင် ။ ဒီအိမ်ထဲမှာဘဲနှစ်ပါးသွားနေရမဲ့သူတွေဖြစ်တာကြောင့် ဒီကိစ္စ ကို တစ်နေ့မဟုတ်တစ်နေ့တော့မာမီ သိကိုသိမှာဘဲ ဖြစ်တာကြောင့် အမှန်တိုင်းသာ ဝန်ခံလိုက်သည်။

" JEON "Where stories live. Discover now