[Unicode]
အရှင်သည်ပြတ်သားစွာပြော၍အဆောင်အတွင်းရှိ
တစ်နေရာမှစာအုပ်တစ်အုပ်အားယူလိုက်သည်။
အဆောင်တွင်းကထွက်ကာနီး၀ယ်...ချွမ်း..ခလွမ်း💢💢
ကွဲကျသွားသောကြွေပန်းကန်လေးနှင့်
ရိပေါ်ရဲ့လက်သွေးကြောစမ်းလေးပေါ်
ရောက်ရှိနေသောဖန်ကွဲစတစ်ခု။"ဘာလုပ်တာလဲ!?"
"ကျွန်..ကျွန်တော်..တစ်ကယ်လုပ်မှာနော်!!"
"ဟက်!..ဟုတ်လား?..လုပ်ကြည့်လေ"
"တစ်..တစ်ကယ်လုပ်မှာနော်"
"လုပ်ကြည့်လိုက်"
ခါးသီးစွာတားခဲ့မည်ထင်ခဲ့သော်လည်း
တစ်ကယ်တမ်းကြားလိုက်ရတဲ့တစ်လုံးတည်း
သောစကားဟာ'လုပ်ကြည့်လိုက်'တဲ့။"ဟူး....မလုပ်ရဲဟန်ဆောင်မနေနဲ့"
"ကျွန်...တော်.."
"လာ...လိုက်ခဲ့"
"ဗျာ?"
"မင်းအဖေနဲ့တွေ့ချင်တယ်မလား
လိုက်ခဲ့!""ကျေးဇူးပါ...အရှင်"
အရှင်ရှောင်းသည်အာဏာပြင်းထန်လှသော်ညား
သားအဖချစ်ခြင်းကိုတော့မပိတ်ပင်ချင်
လူသားချင်းစာနာစိတ်ဖြင့်တွေ့ခွင့်ပေးရန်
ဆုံးဖြတ်ခဲ့သည်။
အကျဉ်းထောင်၌..."မင်းကြီးကိုဂါရ၀ပြုပါတယ်"
အကျဉ်းစောင့်ရဲမက်များ၏အလေးပြုသံ
အကျဉ်းထောင်အတွင်းပိုင်း၌
မှောင်မိုက်လှသော်အကျဉ်းထောင်သည်
အပြင်လောကနှင့်ကွာခြားလွန်းသည်။"အ....ရှင်"
"ဘာလဲ!..လာမယ်ပြောပြီးကြောက်ပြနေတာလား?"
"မ..မဟုတ်ပါဘူး"
အကျဉ်းထောင်၏တစ်နေရာအရောက်
သံတိုင်တံခါးများကြားကနေမဝေးမဝါး
မြင်နေရတဲ့လူသားသားတစ်ဦး
ရိပေါ်သည်သူ၏ဖခင်ဆိုတာချက်ချင်းသာသိလိုက်
သည်။ရှောင်းသခင်ကတော့သူ့ကိုမေးမော့ကာပြသည်။
ရိပေါ်နှောင့်နှေးကြန့်ကြာနေမှုမရှိပဲအလျင်အမြန်သာ
ပြေးသွားမိသည်။